အပိုင်း (၃၇.၂) ခွေးကောင်က ဘာလို့ ငါနဲ့အတူ စားဖို့ တင်းခံနေတာလဲ။
"ရွေ့ကော ဘာလို့ ဒီကို ရောက်နေတာလဲ။" ရှန်ယွိက အထိတ်လန့်နှင့် ကြည့်ကာ မေးလိုက်သည်။
-- 'ဒီခွေးကောင်က သူ့ ကုမ္ပဏီမှာ ကောင်းကောင်းမွန်မွန် မနေဘဲ ဘာအကြောင်းပြချက်ကြောင့် ဒီနေရာကို လာ အလေလိုက်နေတာလဲ။'
ဖုန်းစစ်ရွေ့၏ မျက်နှာက မည်းမှောင်သွားသည်။ "ကိုယ်က ရိုက်ကွင်းကို လာလည်တာလေ။ မင်းက မပျော်ဘူးလား။"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ရှန်ယွိက ပန်းတစ်ပွင့်လို ငွားငွားစွင့်စွင့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ "ကျွန်တော်ဖြင့် ပျော်လွန်းလို့ သေတော့မယ်။"-- 'သေစမ်း! ငါ အစကတော့ အသစ်လေးကို ရိုက်နှက်လိုက်ရလို့ ပျော်ရွှင်နေတည။ ဘာလို့ ဒီနေရာကို ရောက်လာပြီး ငါ့ကို ပြဿနာများအောင် လုပ်ရတာလဲ?!'
အသစ်လေး?
ရိုက်နှက်တာလား?
ဖုန်းစစ်ရွေ့က တစ်စုံတစ်ခုကို ဖမ်းဆုပ်မိသွားပုံရသည်။ သူ မော့ကြည့်လိုက်သည့်အခါ အရုပ်ဆိုးသော အမူအရာနှင့် သူတို့ထံ လျှောက်လာသည့် ဖုန်းကျင်းဟယ်ကို မြင်လိုက်ရသည်။
"ကော... ဘာလို့ ဒီကို ရောက်နေတာလဲ။" သူက စိတ်မကျေနပ်စရာ တစ်စုံတစ်ခု ကြုံတွေ့ထားရသကဲ့သို့ အသံက အနည်းငယ် ထိုင်းမှိုင်းနေသည်။
"ငါ ဒီကို ခဏလောက် လာကြည့်တာ.." ထိုမြင်ကွင်းကို မြင်သည့်အခါ ဖုန်းစစ်ရွေ့က အနည်းငယ် ပျော်ရွှင်သွားသည်။
သိသာစွာပင် ရှန်ယွိက ဖုန်းကျင်းဟယ်ကိုလည်း ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ပေ။
"ငါ ရိုက်ကူးရေး ပထမဆုံးနေ့ကတည်းက လာလည်သင့်တာ။"
သူ ထိုစကားလုံးများကို ပြောပြီးပြီးချင်း ဝမ်မုန့်က အပြေးလေးရောက်လာကာ သူမ ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။ "မစ္စတာဖုန်း ဒီကို ဘာကိစ္စများရှိလို့လဲ။"
![](https://img.wattpad.com/cover/322517026-288-k824488.jpg)
ESTÁS LEYENDO
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO