အပိုင်း(၆၁) ပူပြင်းတဲ့ညလေးတစ်ည…
ရိုက်ကွင်းဆီသို့ Maybach ကား ရောက်သွားသည်နှင့် ရှန်ယွိသည် ကားပေါ်မှ ဆင်းလာခဲ့သည်။ သို့သော်လည်း သူ၏ လက်ကောက်ဝတ်အား ပင့်ကျောင်းစီအီးအို၏ ဆွဲထားခြင်းကို မမျှော်လင့်ဘဲ ခံလိုက်ရသည်။
“ရွေ့ကော… ကျွန်တော့်ကို မသွားစေချင်လို့လား။” သူက နှုတ်ခမ်းစွန်းတို့ကို တွန့်ကွေးလျက် လှည့်ကြည့်လိုက်သည်။“အဲဒါဆိုလည်း ကျွန်တော် ကောနဲ့အတူ နေပေးမယ်ဆိုရင် ဘယ်လိုလဲဟင်။”
“ကျွန်တော်က တော်တော်လေး ချစ်စိတ်ပြင်းပြတဲ့ အိမ်ထောင်ဖက်ပါနော်။”
-- ‘ခွေးကောင်၊ ကြည့်စမ်း၊ အခု ခင်ဗျား ကျွန်တော့် သေလောက်အောင် ရွံမသွားဘူးလား။'
-- ‘ခွေးကောင်၊ ခင်ဗျားက ကျွန်တော်နဲ့ ပူပြင်းတဲ့ညလေးတစ်ညကို ဖြတ်သန်းချင်နေတာမလား…’
ကားခေါင်းခန်းရှိ ကားမောင်းသူမှာ နားပင်းဟန်ဆောင်နေရ၏။
သူသည် နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှင်ချင်သေးသည်မို့ အကန့်ခြား၍ပင် သူနေချင်မိခဲ့သည်။
ထိုည၏ အေးစက်သော လမင်းသည်တိမ်များ၏ ဖုံးလွှမ်းမှုကြောင့် လှပသော လခြမ်းကွေးလေးအဖြစ်သာ ပေါ်ထွက်ကာ နေရသည်။
ဖုန်းစစ်ရွေ့၏ အကြည့်က ထိုနေရာဆီသို့ မရည်ရွယ်ဘဲ ရောက်ရှိသွားပြီး သူ၏ လည်စေ့က ခပ်ဖြေးဖြေး လှုပ်ရှားသွားပြီးနောက် ပြောလိုက်သည်။ “ကောင်းပြီလေ၊ ဒါဆို အခုပဲ ဗီလာကို ပြန်ကြမလား။”
ရှန်ယွိမှာ အံ့အားသင့်သွား၏။
-- ‘မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ တကယ်ကြီး ခွေးကောင်က အဲ့စကားကိုပြောလိုက်တာပေါ့လေ?’
-- ‘လရောင်ဖြူလေးအတွက် သုံးနှစ်သုံးမိုးတောင် ကိုယ့်ကိုကိုယ် ကျောက်စိမ်းလို ဥထားခဲ့တဲ့ အတိတ်က ခင်ဗျားအတွက် ဒါက တန်ရောတန်ရဲ့လား။'
“မင်းက လက်စွပ်ကို ယူပြီး ထွက်ပြေးချင်နေတာလား။” ဖုန်းစစ်ရွေ့၏မျက်လုံးတို့က လေးနက်ကာ နေပြီး သူ့အသက်သံရှူငွေ့များက အေးစက်နေကာ တွန့်ကွေးနေသော နှုတ်ခမ်းစွန်းများကမူ ကျောချမ်းစရာကောင်းလွန်းနေ၏။ “ဒီကမ္ဘာကြီးထဲမှာ အလကားရတဲ့ ညစာဆိုတာ ရှိလို့လား။”
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
