အပိုင်း (၅၆) ရှန်ယွိ ငါ နင့်ကို ဒီညတော့ ကြည့်ကောင်းအောင် လုပ်ပစ်မယ်!
ရှန်ယွိက သူ၏ 'အဆင်းရှိသော်လည်း အချင်းမရှိသည့်' သွေးတစ်ဝက်ညီအစ်ကိုကို ကြည့်လိုက်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးရင်း ပြောလိုက်သည်။ "မင်း အခုလေးတင် ပြောတာကို ထပ်ပြောကြည့်လိုက်။"
ရှန်ချန်းသည် ဖုန်းအိမ်တော်၌ အရိုက်ခံခဲ့ရသည့် နေ့ကို တွေးမိသည့်အခါ နံရိုးများပင် နာလာသည်ဟု ခံစားမိလိုက်သည်။ သူ၏ မောက်မာသော လေသံမှာ အကြောက်တရားကို ဖုံးကွယ်ထားရန် ဖြစ်သည်။ "ဒီကို မလာနဲ့။ ဒီနေရာမှာ စောင့်ကြည့်ကင်မရာတွေ ရှိတယ်နော်။ မင်း တစ်ခုခု လုပ်ရဲရင် မိနစ်ပိုင်းအတွင်း ငါ မင်းကို ထောင်ထဲပို့ပစ်လိုက်လို့ ရတယ်။"
"မင်း ငါ့ကို အဲဒီအကြောင်း သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" ရှန်ယွိက နွေးထွေးစွာ ပြုံးလိုက်သော်လည်း သူ၏ မျက်လုံးများက စူးရှနေသည်။
သူ့ထံမှထွက်ပေါ်လာသော အရှိန်အဝါတို့က ရှန်ချန်း၏ နံဘေးရှိ အမျိုးသမီးအဖော်ကိုပင် ထိတ်လန့်သွားစေသည်။သူ(မ)က သူ၏ အင်္ကျီစကို မသိမသာဆွဲရင်း ပြောလိုက်သည်။ “ ချန်းကော၊ ပြဿနာမရှာပါနဲ့နော်။ သွားရအောင်ပါ။”
သူ(မ)သည် ရှန်ယွိ၏ ရသစုံရှိုးကို ကြည့်ဖူးသူမို့ ထိုသူက သွားရှုပ်ဖို့ မလွယ်ကြောင်းသိ၏။
ထို့အပြင် သူ၏ နောက်၌ ဖုန်းစစ်ရွေ့ရှိသည်။ တကယ်ကြီး ပြဿနာရှာမိပါက သူတို့သာလျှင် အထိနာပေလိမ့်မည်။
သို့သော်လည်း ရှန်ချန်းကမူ ရှန်ယွိကို အခက်တွေ့အောင်လုပ်ချင်နေသည်။
ထို့ကြောင့် သူသည် အမျိုးသမီးအဖော်၏ လက်ကို တွန်းဖယ်ပစ်ပြီး ပြောလိုက်သည်။
“ ထွက်သွားစမ်း။ ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး…”
အမျိုးသမီးအဖော်သည် စကပ်တိုနှင့် ဒေါက်မြင့်ကိုဝတ်ထားလေရာ ခြေလှမ်းအနည်းငယ်လောက် ယိမ်းထိုးကာ လဲကျလုနီးပါးပင် ဖြစ်သွားရှာလေသည်။
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
