(၃၁.၂) တိုက်ရိုက်ကြည့်ရတာက စခရင်ကနေတဆင့် ကြည့်ရတာထက် ပိုပြီး စိတ်လှုပ်ရှားဖို့ကေ

6.1K 576 26
                                        

အပိုင်း (၃၁.၂) တိုက်ရိုက်ကြည့်ရတာက စခရင်ကနေတဆင့် ကြည့်ရတာထက် ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတယ်!

နာရီဝက်ကြာပြီးနောက် ရှန်ယွိက ​မြို့တော်၏ အကျော်ကြားဆုံး မီချယ်လင်း စားသောက်ဆိုင်တွင် ထိုင်နေခဲ့၏။ အနည်းငယ် ရှက်ရွံ့နေသည့် ခံစားချက်နှင့် သူက မီနူးကို လှန်လိုက်သည်။ ဟင်းပွဲတစ်ပွဲချင်းစီတိုင်း၏ စျေးနှုန်းက သူ့ကို မူးဝေလာစေသည်။

-- 'ငါ့ခေါင်းက တံခါးနဲ့ ညပ်သွားလို့ ခွေးကောင်ကို ဝယ်ကျွေးဖို့ ဖိတ်ချင်ခဲ့တာ ဖြစ်ရမယ်။'

-- 'steak လေး တစ်ပွဲကို ဒေါ်လာနှစ်ထောင်တဲ့။ သူတို့က ဓားပြတိုက်ဖို့ ကြိုးစားနေကြတာလား။'

"စိတ်အေးအေးထား။ ဒီစားသောက်စရာတွေအတွက် ငါ ငွေရှင်းမှာပါ။" ဖုန်းစစ်ရွေ့က မနေနိုင်တော့ဘဲ ပြောလိုက်သည်။

"မလိုပါဘူး။" ရှန်ယွိက မျက်လွှာပင့်ကြည့်ရင်း အပြုံးနှင့် ပြောလိုက်၏။ "ကျွန်တော် ထမင်းစားဖိတ်တာမို့ ကျွန်တော်ပဲ ပေးပါ့မယ်။"

"ရွေ့ကော ကော ဘာပဲဖြစ်ဖြစ် မှာလို့ရပါတယ်။"

-- 'အရင်းအမြစ်တွေ ရဖို့အတွက် အဆင်ပြေချင်ယောင်ဆောင်ဖို့ပဲ တတ်နိုင်တယ်။'

ဖုန်းစစ်ရွေ့က စိတ်ကောင်းဝင်နေသော်လည်း ထိုစကားတို့ကို ကြားလိုက်ရသည့်အခါ သူ့မျက်နှာက ဓာတ်ချုပ်နေသလို တွန့်ရှုံ့သွားခဲ့သည်။ သူက မီနူးစာအုပ်ကို ဖွင့်လိုက်ပြီး အင်္ဂလိပ်ဘာသာဖြင့် ဟင်းပွဲအနည်းငယ်ကို ကျွမ်းကျင်စွာ မှာယူလိုက်သည်။


သူတို့ ဘေးရှိ စားပွဲထိုးလေးက ကျွမ်းကျင်စွာ မှတ်သားပြီး ပြန်ထွက်သွားခဲ့၏။ ရှန်ယွိက ဖုန်းစစ်ရွေ့ ဘာကို မှာယူလိုက်သလဲ နားလည်ပြီး သူ့ပိုက်ဆံအိတ်လေးထံမှ လာသော နာကျင်မှုကို ခံစားလိုက်ရပေသည်။

-- 'ခွေးကောင် ဘာလို့ ခြင်္သေ့တစ်ကောင်လို အစားသောင်းကျန်းရတာလဲ။'

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Wo Geschichten leben. Entdecke jetzt