(၄၂) ငါ့လိုမျိုး အဆိပ်ပြင်းတဲ့လူက ဘယ်လိုလုပ် ဝန်ခံနိုင်မှာလဲ။

4.8K 411 5
                                        

Translator _ wattbigfan4

အပိုင်း (၄၂) ငါ့လိုမျိုး အဆိပ်ပြင်းတဲ့လူက ဘယ်လိုလုပ် ဝန်ခံနိုင်မှာလဲ။

ချင်းယွီဟန့်က မစ်စတာယွီ၏ ရုံးခန်းသို့ အခေါ်ခံလိုက်ရသည်။ သူမက အခြေအနေကို နားမလည်နိုင်သေးခင်မှာပဲ အဆူခံလိုက်ရ၏။ "မန်နေဂျာ တစ်ယောက်အနေနဲ့ မင်းဘာတွေ လုပ်နေတာလဲ။"

"မင်း လက်အောက်မှာ ရှိတဲ့ သူက ဒီလိုလူမျိုးဖြစ်နေတာကိုတောင်မှ မင်းက သူ့ကို မြှောက်စားနေတုန်းပဲပေါ့။"

ချင်းယွီဟန့်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ "မစ်စတာယွီ၊ ဘာတွေဖြစ်နေတာလဲ။"

"ရှန်ယွိက ဆေးသုံးခဲ့တာလား။ သူဆေးသုံးနေတာကိုလည်း ဓာတ်ပုံအရိုက်ခံလိုက်ရတယ်ပေါ့ ဟုတ်လား။" မစ်စတာယွီက မျက်လုံးများကို မှေးကျဥ်းရင်း သူမကို မေးလိုက်သည်။

ချင်းယွီဟန့်က မိုးကြိုးပစ်သလို ခံစားလိုက်ရသည်။ "မဖြစ်နိုင်တာ။"

"ရှန်ယွိက အဲဒီလိုလူမျိုး မဟုတ်ဘူး။"

"အဲဒီအကြောင်းက ဖော်ထုတ်ခံလိုက်ရပြီကို မင်းက သူ့အတွက် ဖုံးကွယ်ပေးဖို့ အခုထိ ကြိုးစားချင်နေသေးတာလား။ ဝေ့ပေါ်ကို သွားကြည့်လိုက်စမ်းပါဦး။"

မစ်စတာယွီက Tablet ကို ရှေ့သို့ တိုးပေးလိုက်ပြီး အကြီးကြီး ချဲ့ထားသည့် ဓာတ်ပုံကို ချင်းယွီဟန့်အား ပြသလိုက်သည်။

ဓာတ်ပုံထဲတွင် ရှန်ယွိသည် အသိမရှိဘဲ အောက်ခံဘောင်းဘီကိုသာ ဝတ်ဆင်ထားကာ အိပ်ရာထဲတွင် ရှိနေခဲ့သည်။

ဓာတ်ပုံအရဆိုလျှင် သူက ဟိုတယ်ခန်းတစ်ခုထဲ၌ ဖြစ်လိမ့်မည်။ အိပ်ရာဘေးက စားပွဲပေါ်မှာ ဘီယာဘူးခွံ အများကြီး ရှိနေခဲ့သည်။ ထိုဘီယာဘူးခွံများ၏ ဘေးမှာ ဆေးထိုးအပ်တို့ ရှိနေသည်ကို ထင်ရှားစွာ မြင်နေရ၏။

"ဒါ... ဒါက... ဘယ်လို ဖြစ်ရတာလဲ။"
ချင်းယွီဟန့်က  အလွန် ပျာယာခတ်သွားပြီး စကားပင် ကောင်းမွန်စွာ မပြောနိုင်တော့ပေ။

မစ်စတာယွီက နှာမှုတ်လိုက်သည်။
"မင်းက ငါ့ကို ပြန်မေးနေတာလား။"

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Où les histoires vivent. Découvrez maintenant