(၂၃.၁) ငါ နောက်ဆုံးတော့ ဒီညမှာ အကုန်လုံး ဖွင့်ထုတ်နိုင်တော့မယ်!

2.1K 311 9
                                    

အပိုင်း (၂၃.၁) ငါ နောက်ဆုံးတော့ ဒီညမှာ အကုန်လုံး ဖွင့်ထုတ်နိုင်တော့မယ်!

ရှန်ယွိ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အမည်မသိလက်နက်ပုန်းတစ်ခုက သေစေနိုင်လောက်သော အရှိန်အဟုန်နှင့် သူ၏ အရေးကြီးအစိတ်အပိုင်းထံသို့ တည့်တည့် ပျံသန်းလာသည်။


သူက ချက်ချင်း တုန့်ပြန်ကာ ကျွမ်းကျွမ်းကျင်ကျင် ရှောင်ရှားလိုက်သည်။ ကလန်ဟူသော အသံကို ကြားလိုက်ရပြီးနောက် မာကျောသည့် အရာဝတ္ထုတစ်ခုက ကြမ်းပြင်သို့ ထိခတ်သွားခြင်းဖြစ်ကြောင်း သိလိုက်ရပေသည်။


ရှန်ယွိက ကြောက်လန့်တကြားနှင့် သူ့ရင်ဘတ်သူ ပုတ်ရင်း ပြောလိုက်သည်။ "ချင်းကျဲ.. တစ်ယောက်ယောက်ကို သတ်ဖို့ ကြိုးစားနေတာလား။"


"ကံကောင်းလို့ ကျွန်တော်က လေ့ကျင့်ထားလို့သာပဲ။"


ချင်းယွီဟန့်က သူ့ကို ချက်ချင်း အော်ထုတ်လိုက်သည်။ "ငါ့ရှေ့ကနေ ထွက်သွား! နင် နောက်ထပ် အလုပ်လာစရာမလိုတော့ဘူး။"


"အဲဒါ လက်မခံနိုင်ဘူး။" ရှန်ယွိက ရုံးခန်းထဲသို့ စွက်ခနဲဝင်လာပြီး ဆိုဖာပေါ်ထိုင်ချလိုက်သည်။ "ဒီလအတွက် လစာက အခုထိ မရှင်းရသေးဘူးလေ။"


"လစာအကြောင်း ပြောဖို့ နင့်မှာ မျက်နှာရှိသေးတာလား။" ချင်းယွီဟန့်က အလွန် ဒေါသထွက်နေပြီး သူမ၏ ရင်အစုံက အသက်ရှူသံပြင်းပြင်းကြောင့် နိမ့်လိုက်မြင့်လိုက် ဖြစ်နေခဲ့သည်။ "မင်း ဘာလို့ လူရိုက်ခဲ့ရတာလဲ။"


"ငါ့ကို အကြောင်းပြချက်လေး ပေးစမ်းပါ။"


ရှန်ယွိက ခေါင်းကို စောင်းကာ ခဏလောက် စဥ်းစားလိုက်သည်။ "အဲဒီကောင်ကို မြင်ရတာ ကျွန်တော့်ကို ဒေါသထွက်စေလို့များလား။"


"ဒေါသထွက်စေတယ်လား?" ချင်းယွီဟန့်က အလုပ်စားပွဲနောက်ကနေ ပြေးထွက်လာပြီး ဒေါသတကြီး မေးလိုက်သည်။ "သူက နင့်ရဲ့ ယောက်ျားကို ခိုးသွားလို့လား။ နင့် တစ်မိသားစုလုံးကို သတ်သွားလို့လား?"

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Onde histórias criam vida. Descubra agora