အပိုင်း (၁၀) စိတ်မပူပါနဲ့.. ငါ မင်းကို စိတ်မဝင်စားဘူး
သူတို့၏ လမ်းကြောင်းကို အစီအစဉ်ဆွဲပြီးနောက် ရှန်ယွိက သူတို့၏ အစီအစဥ်အား အခြားဧည့်သည် အဖွဲ့များကို ကြေညာလိုက်သည်။ သူ့ပါးစပ်က ဂုဏ်ယူဝင့်ကြွားစွာ လေးကိုင်းသဏ္ဌာန် ကွေးညွှတ်နေပြီး သူ့နောက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရှိနေသည့်အတွက် ပို၍ပင် မောက်မာလာပုံရသည်။
ယန်ချီချီက ထိုမျှ ယုံကြည်ချက်ပြင်းပြနေသည့် သူ့ကို မြင်ရသည်အား အသားမကျနိုင်ဘဲ အကောင်းမြင်ကြည့်၍လည်း မရနိုင်ခဲ့ပေ။ ထို့ကြောင့် သူက ခနဲ့သလိုလေသံနှင့် ပြောလိုက်သည်။ "ရှောင်ယွိ မင်းက ပွဲဦးထွက်ကာစ အချိန်နဲ့စာရင် အများကြီး ပြောင်းလဲသွားတယ်နော်။"
"အဲဒီတုန်းက မင်း အရမ်း ကြင်နာပြီး သိမ်မွေ့လွန်းတာကို မှတ်မိသေးတယ်။"
ရှန်ယွိက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ "ရှောင်ယွိ ရှောင်ယွိလို့ မခေါ်စမ်းနဲ့။ အဲဒီလို ခေါ်နေရင် လူတွေက ငါတို့အချင်းချင်း ရင်းနှီးကြတယ်လို့ ထင်လိမ့်မယ်။"
"နောက်ကျ ငါ့ကို ခေါ်ရင် ရှန်လောင်ရှီးလို့ခေါ်။"
ယန်ချီချီ၏ ပါးစပ်က အကျယ်ကြီး ပွင့်ဟလာသော်လည်း သူက ဘာပြောရမှန်းမသိဘဲ အချိန်အကြာကြီး ရှိနေခဲ့သည်။
[ဒါက ဇနီးမောင်နှံရသစုံရှိုးတော့ ဟုတ်ပါတယ်နော်။ ကြည့်ရတာ နန်းတွင်းဒရာမာ တစ်ခုနဲ့ ပိုတူနေသလို ခံစားရတယ်။ ရှန်နျန်နျန်က ကိုယ်လုပ်တော်တွေ အားလုံး ဒေါသထွက်လာအောင် အင်တိုက်အားတိုက် ကြိုးစားနေသလိုပဲ။ သူက သူတို့အားလုံးနဲ့ ဆန့်ကျင်တိုက်ခိုက်ရမှာကို မကြောက်ဘူးလား။]
{Note - နျန်နျန်(ညန်ညန်)= မယ်မယ်/ မိဖုရားတွေကို ခေါ်တဲ့ နန်းတွင်းအသုံးအနှုန်း}
[ပရိုဂရမ်အဖွဲ့က သူတို့ရဲ့ ဧည့်သည်တွေကို ဘယ်လိုရွေးချယ်ထားတာလဲ။ ကြည့်ရတာ လူတိုင်းက ရှန်ယွိနဲ့ ရန်ငြိုးရှိနေသလိုပဲ။ မဟုတ်ဘူး.. ဒါက သူတို့ရဲ့ အမှားမဟုတ်ဘူး။ မစ္စတာရှန်က အနုပညာလောကတစ်ခုလုံးနီးပါးကို ဆန့်ကျင်ထားမိတာကြောင့်ပဲ ဖြစ်ရမယ်။]
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
