အပိုင်း (၂၅.၁) အကူအညီမဲ့နေသလို ဟန်ဆောင်ရတာ တကယ်ကို ခက်ခဲတာပဲ!
ဖုန်းစစ်ရွေ့၏ ပါးစပ်မှ ထိုစကားလုံးများ ထွက်လာသည့် အခိုက်အတန့်၌ ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့လေသည်။
မျက်လုံးများ အားလုံးက ထိုတင်းမာခက်ထန်နေသည့် မျက်နှာထက်တွင် အာရုံစိုက်နေခဲ့ကြသည်။
ရှန်ယွိက ဇဝေဇဝါဖြစ်နေသည့် စိတ်နှင့်အတူ မျက်မှောင်ကြုတ်လိုက်၏။
-- 'ဒီခွေးကောင်က ဆေးမှားသောက်ထားတာလား။ သူက တကယ် ငါ့ကို ကာကွယ်ပေးနေတယ်ပေါ့လေ?!'
-- 'သူက မိသားစုအတွင်းက အကျည်းတန်မှုတွေကို အပြင်လူတွေဆီ မပေါက်ကြားသင့်ဘူးလို့ တွေးနေတာလား။'
-- 'ဟုတ်ပါတယ်လေ။ ငါတို့က အခုထိမှ မကွာရှင်းရသေးဘဲ။ သူ့ရဲ့ အိမ်ထောင်ဖက်အနေနဲ့ အဖမ်းခံရတယ်ဆိုတာက ကြားလို့မှမကောင်းတာပဲ။'
-- 'ဒီနှစ်ယောက်က တကယ်ကို ငတုံးငအတွေပဲ။ သူတို့က လက်စားချေဖို့ကို တခြားနည်းလမ်း မစဥ်းစားနိုင်ကြဘဲ ဖုန်းမိသားစုကိုတောင် ပြဿနာထဲ ဆွဲထည့်ပြီး ပတ်သတ်သွားစေချင်နေကြသေးတာလား။'
"ဖုန်းစစ်ရွေ့ မင်းက သူ့ကို ကာကွယ်ပေးချင်နေတာလား။" လီဖုန်းဟွာက သူမ နားကြားမှားလိုက်သည်ဟု သံသယရှိနေပြီး ပြူးကျယ်သော မျက်လုံးများနှင့် ဖုန်းစစ်ရွေ့အား စိုက်ကြည့်နေခဲ့သည်။
သူမက ဖုန်းမိသားစုအတွင်း၌ ရှန်ယွိက မည်သည့် အဆင့်အတန်းမှ မရှိသည်ကို သေချာမှတ်မိပေသည်။ အဘိုးဖုန်းမှလွဲလျှင် အခြားလူတိုင်းက သူ့ကို အထင်အမြင်သေး၍ နှိမ့်ချဆက်ဆံကြသည်။
မည်သည့်အတွက်ကြောင့် အဘိုးဖုန်းက ပါးစပ်မဖွင့်ပါဘဲ ဖုန်းစစ်ရွေ့က ရှန်ယွိအတွက် ရပ်တည်ပေးနေရပါသနည်း။
"သူ လူရိုက်ခဲ့တယ်ဆိုတာ အမှန်တရားပဲ။ မင်းက သူ့အတွက်နဲ့ အမှန်တရားကို ငြင်းဆန်ချင်နေတာလား။" ရှန်ချန်းက နာကျင်စွာနှင့် မြေပြင်ပေါ်မှ ထရပ်လာပြီး သူ့မျက်နှာထက်၌ မခံမရပ်နိုင်ဖြစ်နေသည့် အကြည့်တို့ ရှိနေခဲ့သည်။ သူနှင့် သူအမေသည် ညစာစားပွဲအတွက် ဖိတ်ကြားခံခဲ့ရခြင်းဖြစ်သော်လည်း သူတို့ ရောက်ရောက်ချင်းမှာပင် အရိုက်နှက်ခံခဲ့ရသည်။
VOUS LISEZ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Roman d'amourNote: ပင့်ကျောင်းစီအီးအို = Yandere CEO
