(၂၆.၂) လူယုတ်မာ မင်း ငါ့ကို ဘယ်လိုလုပ် အခွင့်အရေး ယူရဲရတာလဲ။

7.1K 647 12
                                        

အပိုင်း (၂၆.၂) လူယုတ်မာ မင်း ငါ့ကို ဘယ်လိုလုပ် အခွင့်အရေး ယူရဲရတာလဲ။


သူက ဘာလို့ နတ်ဆိုးလေးလို ထပ်ပြီး ပြုမူနေရတာလဲ။


ပြီးတော့ မုန့်ကျစ်ရဲ့ အရှေ့မြောက်ဝိုင် ဆိုတာက ​ဘာကြီးလဲ?!

ရှန်ယွိက မိသားစုညစာစားပွဲတွင်
အမူးသောက်ခဲ့ပြီး မူးမူးနှင့် သန့်စင်ခန်းသွားရန် ပြင်လိုက်သည်။ သူ သန့်စင်ခန်းထဲသို့ ဝင်ဝင်ချင်း သူ့နောက်က တစ်စုံတစ်ယောက် လိုက်လာသည်ကို သိလိုက်ရ၏။


"ရှန်ယွိ" ပေါ့ပါးသည့် ခေါ်သံတစ်ခုက သူ့နောက်ပါးမှ ထွက်ပေါ်လာပြီး သူ့အား လှည့်ကြည့်လာစေသည်။ သူက ဘယ်သူဖြစ်​ကြောင်း မြင်လိုက်သည့်အခါ ဘာမှမဖြစ်သလို အရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

"ကိစ္စတစ်ခုခုရှိလို့လား။" ရှန်ယွိက အရှေ့သို့ လျှောက်သွားနေရင်း မေးလိုက်သည်။ သူ့ အသံက သိပ်မယဥ်ကျေးလှပေ။


"မင်းနဲ့ ငါ့အစ်ကို​ကြားက ဆက်ဆံရေးက သိပ်မကောင်းဘူး ဟုတ်တယ်မလား။" ဖုန်းကျင်းဟယ်က လက်ပိုက်ထားလျက်က မျက်လုံးများကို မှေးကျဥ်းရင်း အနည်းငယ် စနောက်သရော်ဟန် လေသံဖြင့် ပြောလိုက်သည်။


ရှန်ယွိက မျက်လုံးကို မှေးကျဥ်းကာ ကြည့်လိုက်သည်။ "အဲဒီ သောက်ကိစ္စက မင်းနဲ့ ဘာပတ်သတ်လို့လဲ။"


ဖုန်းကျင်းဟယ်၏ မျက်နှာက မည်းမှောင်သွားသည်။ "မင်း နည်းနည်းလောက် ယဥ်ယဥ်ကျေးကျေး မပြောနိုင်ဘူးလား။"


"မင်းလို ကောင်စုတ်လေးကို ငါက ဘာလို့ ယဥ်ကျေးသင့်တာလဲ။" ရှန်ယွိ၏ နှုတ်ခမ်းများက ကော့တက်သွားသည်။ "မင်း ငါ့ ရှိုးကို မကြည့်ခဲ့ဘူးလား။"


"မင်းသာ ငါ့ကို ရန်လာစရင် မင်း သွေးအလိပ်လိုက်ထွက်အောင် ဆူပူပစ်လိုက်မယ်။"


ဖုန်းကျင်းဟယ်က ဖုန်းစစ်ရွေ့၏ သွေးတစ်ဝက်တော်သော ညီဖြစ်သည်။ သူက အသက်ဆယ်နှစ်အရွယ်ကတည်းက နိုင်ငံရပ်ခြားသို့ အပို့ခံခဲ့ရသည်။ သူက မိသားစုစီးပွားရေးတွင် ပါဝင်ရန် လတ်တလောလေးကမှ ပြန်ရောက်လာခြင်း ဖြစ်သည်။

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Where stories live. Discover now