(၂၅.၂) အကူအညီမဲ့နေသလို ဟန်ဆောင်ရတာ တကယ်ကို ခက်ခဲတာပဲ!

6.6K 627 21
                                        

အပိုင်း (၂၅.၁) အကူအညီမဲ့နေသလို ဟန်ဆောင်ရတာ တကယ်ကို ခက်ခဲတာပဲ!

"ရှောင်ချန်း သွားကြစို့။"

"မား ကျွန်တော်တို့ ဒီအကြောင်းကို မေ့လိုက်ရတော့မှာလား။" ရှန်ချန်းက အလွန် ဒေါသထွက်နေပြီး ထိုကိစ္စကို လက်လွှတ်လိုက်ရန် ဆန္ဒမရှိခဲ့ပေ။


လီဖုန်းဟွာက ဘာမှမဖြစ်သလို ဟန်ဆောင်နေသည့် ရှန်ယွိအား စူးစူးရဲရဲ ကြည့်နေရင်းက သူ့သားကို ပြောလိုက်သည်။ "ငါ့စကားကို နားထောင်။ အခု သွားမယ်!"

သူ့ အမေက ပြောနေပြီဖြစ်တာ​ကြောင့် ရှန်ချန်းက မငြင်းပယ်ရဲခဲ့ပေ။ သူက သူ့ရင်ဘတ်ကို အုပ်ကိုင်၍ ဗီလာမှ ခက်ခက်ခဲခဲ လမ်းလျှောက်ထွက်သွားရုံသာ တတ်နိုင်ခဲ့ရသည်။


သူတို့ ထွက်သွားပြီးနောက် အမေနှင့်သားက ဆေးရုံသို့ ကားမောင်းသွားခဲ့သည်။


သွားနေသည့် လမ်းတွင် ရှန်ချန်းက စိတ်ဓာတ်ကျစွာ ​မေးလာခဲ့သည်။ "မား ကျွန်တော် အကြောင်းပြချက်မရှိ အရိုက်မခံနိုင်ဘူး။"


"ဒီခံပြင်းမှုကို မြိုသိပ်မထားနိုင်ဘူး။"


လီဖုန်းဟွာသည်လည်း တူညီသည့် ခံစားချက်မျိုးရှိနေကာ သူမ၏ မျက်လုံးများထဲ၌ မကျေချမ်းမှုများက တောက်လောင်နေခဲ့သည်။ "စိတ်မပူပါနဲ့။ အမေက မင်းကို အလကားသက်သက် ခံစားရအောင် မလုပ်ပါဘူး။"


"စိတ်ရှည်ရှည်ထား။ ရှန်ယွိ သားရှေ့မှာ ဒူးထောက် တောင်းပန်လာအောင် အမေလုပ်ပေးမယ်။"


"သူ သားကို ကန်ခဲ့တဲ့ အချက်တိုင်းရဲ့ အဆပေါင်းရာချီ ပြန်ခံစားရအောင် အမေ လုပ်ပေးမယ်။"


ကသောင်းကနင်းဖြစ်ရပ် ပြီးသွားပြီးနောက် အဘိုးဖုန်းက အန်တီမေကို ဧည့်ခန်းထဲမှ မောင်းထုတ်လိုက်ပြီး ရှန်ယွိနှင့် ဖုန်းစစ်ရွေ့ကိုသာ ချန်ရစ်ထားခဲ့သည်။ "ခုနက ဘာတွေဖြစ်ခဲ့တာလဲ။"


"အဖိုး ကျွန်တော် မှားသွားပါတယ်။" ရှန်ယွိက ခေါင်းငုံ့ထားကာ ဖြူစင်ရိုးသားပုံပေါ်နေသည်။ "လီဖုန်းဟွာ ဝင်လာလာချင်း သူမက လ​က်လွတ်စပယ်နဲ့ ကျွန်တော့်ကို ရိုက်ဖို့ ကြိုးစားခဲ့တာကြောင့်...."

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Место, где живут истории. Откройте их для себя