(၃၂.၁) မင်းက ငါ့ကိုတော့ ခွေးကောင်လို့ ခေါ်ပြီး သူ့ကိုကျ လောင်လင်လို့ ခေါ်တယ်လား?

6.3K 596 14
                                        

အပိုင်း (၃၂.၁) မင်းက ငါ့ကိုတော့ ခွေးကောင်လို့ ခေါ်ပြီး သူ့ကိုကျ လောင်လင်လို့ ခေါ်တယ်လား?!

သူက အရင်းအမြစ်များကို အလွယ်တကူ ရနိုင်နေသည်မှာ အံ့သြစရာ မရှိတော့ပေ။ သူက အကြီးတန်းစီမံခန့်ခွဲရေးမှ လူနှင့် အချိတ်အဆက်ရှိနေသည်ပင်။


ယန်ချီချီထံ၌ အောက်ခြေစည်းဟူ၍ မရှိဘဲ အလွန် ရဲတင်းလှစွာ ပြုမူတတ်ပုံရသည်။ ဒီအကြောင်းကို သူ့ခင်ပွန်းရော သိရဲ့လား။


ဤကမ္ဘာတွင် လိင်တူလက်ထပ်ခြင်းကိုလည်း ဥပဒေဖြင့် ကာကွယ်ပေးထားသည်။ တစ်ဖက်လူဘက်မှ သစ္စာမဲ့ပါက တရားစွဲနိုင်ပြီး အိမ်ထောင်စုထဲမှ ထုတ်ပယ်ခံရပေလိမ့်မည်။

‘သူက အမိမခံရဘူးလို့ လုံးဝ သေချာမှုရှိတာလား။’

ထိုသို့တွေးပြီးနောက် ရှန်ယွိ၏ မျက်လုံးထဲတွင် ကောက်ကျစ်လှသော အရိပ်အယောင်တို့ ဖြတ်ပြေးသွား၏။ သူက ဖုန်းကို ထုတ်ယူလိုက်ပြီး အသံပိတ်ကာ ဖလက်ရှ်မီးကိုလည်း ပိတ်လိုက်သည်။

ပေါ့ပါးစွာ တစ်ချက်ခုန်၍ အမှိုက်ပုံးပေါ်သို့ ခြေထောက်တစ်ဖက်ထောက်ကာ တက်ရပ်လိုက်ပြီး နောက်တစ်ဖက်က နံရံကို အားပြုထောက်ကန်ထားသည်။ သူက လက်တစ်ဖက်နှင့် ထိုအကန့်ငယ်၏ ဘောင်ကို ကိုင်ထားပြီး နောက်တစ်ဖက်က သူ့ဖုန်းကို ခိုင်မြဲစွာ ကိုင်ထားခဲ့သည်။


အထူးတပ်ဖွဲ့အတွင်း ကြိုးကြိုးစားစား အလုပ်လုပ်ရင်း နေထိုင်ခဲ့သည့် နှစ်များက နောက်ဆုံး၌ အသုံးဝင်လာပြီ ဖြစ်သည်။ သူက ထိုပွင့်လင်းမြင်သာလှသည့် ရိုက်ချက်များကို အလွန်ချောမွေ့စွာ ရိုက်ကူးခဲ့ပြီး သတိမထားမိစေဘဲ တစ်ချက်တည်းနှင့် အပြီးသတ်ခဲ့သည်။


သန့်စင်ခန်း၏ ပိုင်းကန့်ထားသော အခန်းငယ််တွင်း အချင်းချင်း ဖက်ကာ အာသာငမ်းငမ်းနမ်းနေကြသည့် ခွေးစုံတွဲက သူ့ကို လုံးဝ သတိမပြုမိခဲ့ပေ။ သူတို့က မျက်လုံးများကို မှိတ်ထားပြီး သန့်စင်ခန်းထဲသို့ ဝင်လာသည့် လူတိုင်း ကြားနိုင်သည့် စက်ဆုပ်ဖွယ် အသံများကို ပြုလုပ်နေသည်။

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Место, где живут истории. Откройте их для себя