အပိုင်း (၃၄.၁) ငါတော့ ဒီတိတိလေးတွေ ဘယ်လောက်ဆွဲဆောင်မှုရှိလဲဆိုတာ သဘောကျတယ်။ မင်းတို့ရော ဘယ်လိုလဲ?
"ဘာရင်းနှီးမြှုပ်နှံမှုမှ လက်မခံဘူးလား။" ဖုန်းစစ်ရွေ့၏ မျက်လုံးများက မည်းမှောင်သွားသည်။
ဤသည်မှာ ဖုန်းအုပ်စု၏ ပူးပေါင်းမှုကို ငြင်းဆန်သည့် ပထမဆုံး ရုပ်ရှင်နှင့် ရိုက်ကူးရေးကုမ္ပဏီ ဖြစ်သည်။
နှစ်တိုင်း ထူးဆန်းသည့် ကိစ္စများစွာ ဖြစ်ပွားခဲ့သော်လည်း ဤသည်မှာ ယခုနှစ်တွင် ဖြစ်ပျက်သည့် အထူးဆန်းဆုံးအရာ ဖြစ်သည်။
ဖုန်းစစ်ရွေ့၏ နှုတ်ခမ်းထောင့်က အေးစက်စွာ တွန့်ကွေးသွားသည်။ "ရိုက်ကူးရေးအဖွဲ့ နောက်ကွယ်က ရင်းနှီးမြှုပ်နှံသူကို စုံစမ်းပြီး မနက်ဖြန်မနက် ငါ့ဆီ လာတင်ပြ။"
သူက ပြောပြီးနောက် ဖုန်းချလိုက်သည်။
အတွင်းရေးမှူးက သူ၏ အမည်းရောင်ပြောင်းသွားသော ဖုန်းစခရင်ကို ကြည့်ရင်း စိတ်ဓာတ်ပင်ကျသွားလေသည်။ ထို့နောက် သူက သက်ပြင်းချလိုက်၏။ ဤကဲ့သို့သော လူများက အမှန်တကယ် အခြားလူများအား ခိုင်းစားရသည်ကို ကြိုက်နှစ်သက်ကြသည်။ သူတို့က လူတွေကို ညဘက်တောင် အနားယူခွင့်မပေးနနိုင်ဘူးလား။
ဖုန်းစစ်ရွေ့က စိတ်ဆိုးမာန်ဆိုးနှင့် ထရပ်လိုက်သည်။ ထို့နောက် သူက ခြေထောက်ရှည်ကြီးများနှင့် ဒုတိယထပ်သို့ လျှောက်သွားခဲ့၏။
၎င်းက သူတို့၏ မင်္ဂလာအိပ်ခန်း ဖြစ်ခဲ့သော်လည်း ရှန်ယွိက သုံးနှစ်လုံးလုံး အခန်းကို တစ်ယောက်တည်း မောင်ပိုင်စီးထားလေသည်။
‘အိပ်ရာထဲမှာ တစ်ယောက်တည်း လှဲနေရင်း အိပ်လို့မပျော်ရင် ဘယ်လိုလုပ်ရမလဲ။’
ဖုန်းစစ်ရွေ့က အိပ်ရာပေါ်လှဲနေရင်း လျှောက်တွေးနေသည်။ သူ့နှာခေါင်းထဲသို့ ရနံ့လေးတစ်ခု တိုးဝင်လာပြီး ၎င်းက ရှန်ယွိခန္ဓာကိုယ်ထက်မှ ရသည့် ရနံ့လေးနှင့် ဆင်တူပေသည်။
ВЫ ЧИТАЕТЕ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Любовные романыNote: ပင့်ကျောင်းစီအီးအို = Yandere CEO
