အပိုင်း (၅၂) ညလယ်ခေါင်ကြီး ဒီလိုပုံမျိုး ပို့လာတာက လူတွေကို ညဘက်ကောင်းကောင်း အိပ်မပျော်စေချင်လို့ပဲ။
ဖုန်းစစ်ရွေ့က သူ၏ ညအိပ်ဝတ်စုံကို မဝတ်ရသေးဘဲ ညဘက် လေအေးက အနည်းငယ် ချမ်းစိမ့်နေသော်လည်း သူက ဂရုမစိုက်ဘဲရှိကာ ဖုန်းကိုသာ မမှိတ်မသုန် ကြည့်နေခဲ့သည်။ သူသည် 'တစ်ဖက်လူမှ စာရိုက်နေပါသည်' ဟူသော စကားလုံးကို မြင်တွေ့နေရသော်လည်း အချိန်အတော်ကြာသည်အထိ မည်သည့် မက်ဆေ့ချ်မှ ရောက်မလာခဲ့ပေ။
နောက်ဆုံးတွင် သူက မနေနိုင်တော့ဘဲ နောက်ထပ် မက်ဆေ့ချ်တစ်စောင် ပို့လိုက်၏။ မင်း အိပ်ပျော်နေပြီလား။"
နောက်တစ်စက္ကန့်တွင် သူက ပြန်စာတစ်စောင်ရလိုက်သည်။ "အင်း"
ဖုန်းစစ်ရွေ့ , “…”
သူ၏ တည်ငြိမ်နေသော အမူအရာက ပြိုကွဲသွားပြီး သူ့ဖုန်းကို လွှတ်ပစ်ကာ ဒေါသတကြီးဖြင့် အိပ်ခန်းသို့ ပြန်လျှောက်သွားခဲ့သည်။
‘သူက ငါ့ရဲ့ ကောင်းမွန်တဲ့ ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ကို မကြိုက်ဘူးလား။
ငါ့ပုံကို မြင်ပြီးတာတောင် ဘာလို့ ဘာတုန့်ပြန်မှုမှ မရှိရတာလဲ?!
သူက ငါ့ကို လုံးဝ စိတ်မဝင်စားဘူးလား?!
ငါ လုံးဝ မယုံဘူး!’
တစ်ဖက်တွင် ပိုင်စိုးလိုစိတ်ကြီးမားသည့် သံသယလွန်ကဲသော မစ္စတာစီအီးအိုက သူ့အိပ်ရာပေါ်တွင် လဲလျောင်းရင်း မကျေမနပ် ခံစားနေရချိန်တွင် အခြားတစ်ဖက်မှ ရှန်ယွိက ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နှင့် အိပ်မပျော်ဘဲ ရှိနေခဲ့သည်။
"တဏှာဆိုတာ နတ္ထိ၊ တဏှာဆိုတာ နတ္ထိ!"
၎င်းကို အကြိမ်ရေအနည်းငယ် ရွတ်ပြီးနောက် သူက ရုတ်တရက် စောင်ကို မ,ကာ ထထိုင်လိုက်သည်။ "သေစမ်း! အဲဒီခွေးကောင်က ဘာလုပ်ချင်နေတာလဲ။"
"ညလယ်ခေါင်ကြီး ဒီလိုပုံမျိုး ပို့လာတာ သူ တခြားလူတွေ ကောင်းကောင်း အိပ်ပျော်တာကို မလိုချင်တာလား။" ရှန်ယွိက မနေနိုင်ဘဲ ပုံပေါ်ကို တစ်ခါ ထပ်၍ နှိပ်ကြည့်လိုက်မိပြန်သည်။ သူ့မျက်စိရှေ့၌ ပေါ်လာသော ထိုဓာတ်ပုံကနေ သန်မာအားကောင်းလှသည့် ဟော်မုန်းများကို ထုတ်လွှတ်နေသည်။
ВЫ ЧИТАЕТЕ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Любовные романыNote: ပင့်ကျောင်းစီအီးအို = Yandere CEO
