(၄၅) သခင်ရှန်က အခုထိ သူ့ရဲ့ အပေါက်ဆိုးဆိုးပါးစပ်ကို သုံးပြီး ခုခံတိုက်ခိုက်နိုင်

518 101 4
                                    

အပိုင်း (၄၅) သခင်ရှန်က အခုထိ သူ့ရဲ့ အပေါက်ဆိုးဆိုးပါးစပ်ကို သုံးပြီး ခုခံတိုက်ခိုက်နိုင်တုန်းပဲ!

အတင်းအဖျင်း ဗီဒီယို ထွက်လာတာကြောင့် ယန်ချီချီ၏ ဂုဏ်သတင်းက ကျဆင်းသွားခဲ့သည်။ သူ့ဆီကနေ အနိုင်ကျင့်ခံခဲ့ရတဲ့ ကုမ္ပဏီတစ်ခုတည်းမှ လူသစ်တော်တော်များများကလည်း ရပ်တည်လာခဲ့ကြပြီး သူက ဟွားယွီမှ မစ်စတာယွီနှင့် မသင့်တော်သည့် ဆက်ဆံရေးရှိတာကို အကြောင်းပြုကာ သူတို့ဆီမှ အကျိုးအမြတ်တွေ ဖျစ်ညှစ်ယူသည်ဟု စွပ်စွဲပြီး ဝေ့ပေါ် ပေါ်၌ ပို့စ်တင်ခဲ့ကြ၏။

[ကိုယ် ပြုလိုက်တဲ့ကံက ကိုယ့်ဆီ ပြန်လာတာကို ဘယ်သူက သနားနိုင်မှာလဲ။ တစ်ခါတုန်းက ကော်ဇောနီလျှောက်တာ သူ့ရှေ့က အရင်သွားလိုက်မိလို့ ငါ့အလုပ်တွေအားလုံး တစ်နှစ်တောင် ရပ်ဆိုင်းခံလိုက်ရတယ်။ ဒါတောင် သူ့ရဲ့ မနာလိုတဲ့ လုပ်ရပ်တွေ အကုန်လုံးက ဖုံးကွယ်နေခဲ့တယ်။ ဘာလို့ သူက ဒီလိုမျိုး နိုင့်ထက်စီးနင်း ပြုနိုင်ရတာလဲဆိုတာကို အခုတော့ ငါနားလည်လိုက်ပြီ။ လတ်စသတ်တော့ သူက ကုမ္ပဏီရဲ့ အုပ်ချုပ်ရေးပိုင်းက လူနဲ့ ချိတ်မိနေလို့ကိုး။]

[ငါရောပဲ။ အဲဒီလိုမျိုး ဆင်တူတဲ့ မတရား ဆက်ဆံမှုမျိုးကို ခံခဲ့ရတယ်။ ဒါက သိသိသာသာကို ငါ့ရမယ့် ဒရာမာဖြစ်ခဲ့တာ။
လူတွေ့စစ်ဆေးမှုရဲ့ ရလဒ်ကိုလည်း အစောကြီးကတည်းက ငါ့ကို အသိပေးပြီးသား။ နောက်တစ်နေ့လည်းကျရော ယန်ချီချီက ငါ့ဆီကနေ အဓိကဇာတ်ဆောင် နေရာကို လုယူသွားခဲ့တယ်လေ။]

[သူ့ရဲ့ စီနီယာကျမှုကို အသုံးချပြီး ကုမ္ပဏီရဲ့ လူသစ်တွေကို အနိုင်ကျင့်တာက ယန်ချီချီအတွက် ပုံမှန်ပဲ မဟုတ်ဘူးလား။ ဒါတောင် သူက သူနဲ့ တစ်ချိန်တည်း ပွဲဦးထွက်ခဲ့တဲ့ မစ္စတာရှန်ယွိကို ဒေါသထွက်ပြလိုက်သေးတယ်။ ရှန်ယွိရဲ့ အလုပ်တွေ အကုန်နီးပါးကို လုယူခဲ့ပြီးတော့ လူတိုင်းရဲ့နောက်ကွယ်မှာလည်း သူက ကောလဟလအချို့ ဖြန့်သေးတယ်။ ဒါကြောင့် ရှန်ယွိလောင်ရှီးနဲ့ ရန်ငြိုးတွေ ရှိနေတာ မဟုတ်ဘူးလား.....]

မြေအောက်ရထားက ဘူတာရုံသို့ ဆိုက်ရောက်လာခဲ့သည်။ ရှန်ယွိက ဝေ့ပေါ်ကို ပိတ်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်၏။

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Место, где живут истории. Откройте их для себя