(၂၀.၁) ငွေကြေးပြတ်လပ်တဲ့ နာကျင်မှုကို ခင်ဗျား နားလည်နိုင်ရဲ့လား?

2.1K 294 2
                                    

အပိုင်း (၂၀.၁) - ငွေကြေးပြတ်လပ်တဲ့ နာကျင်မှုကို ခင်ဗျား နားလည်နိုင်ရဲ့လား?

ယန်ရွေ့ချင်းက ထိတ်လန့်တုန်လှုပ်သွားပြီး ဖုန်းစစ်ရွေ့က ရှန်ယွိကို ဆွဲခေါ်ကာ အဝေးသို့ ထွက်သွားသည့်တိုင် သူ၏ အသိစိတ်အာရုံကို ပြန်မရနိုင်သေးပေ။

အလျင်စလိုနိုင်သည့် သဏ္ဌာန်က တစ်စုံတစ်ခုမှ ထွက်ပြေးရန် ​ကြိုးစားနေသကဲ့သို့ ထင်မှတ်မိစေပေသည်။


အဲဒီလိုလုပ်သွားတာက အဖိုးဖုန်းကြောင့် ရွေ့ကောက သံသယဖြစ်စေနိုင်မယ့် အရာတွေကို ရှောင်ရှားဖို့အတွက် လုပ်သွားတာ ဖြစ်နိုင်လား။


ကျိန်းသေပေါက် အဲဒါကြောင့် ဖြစ်ရမယ်။


မဟုတ်လျှင် ရွေ့ကော၏ သဘောထားက ဘယ်လိုလုပ် ရုတ်တရက်ကြီး အကြီးအကျယ် ပြောင်းလဲသွားရမှာလဲ။


သူက အဖိုးမြင်ရအောင် တမင်ရှိုးပြနေတာပဲ ဖြစ်ရမယ်။


သူတို့က နောက်ဆုံးသွားရမည့် နေရာကို သွားရောက်ပြီးနောက် အချိန်က ညနေရောက်လုနီးပါးပင် ရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက အနည်းငယ် ဆာလောင်နေခဲ့လေပြီ။

သူတို့က မနက်စာအဖြစ် ပေါင်မုန့် စား၍ နို့သောက်ထားရုံသာ ဖြစ်သည်။ ထို့နောက် စက်ဘီးစီးပြိုင်ခဲ့ကြပြီး နောက်ထပ် ဦးတည်ရာပန်းတိုင်များကို ဆက်တိုက်သွားလာခဲ့ကာ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ကုန်ခမ်း၍ ပင်ပန်းနွမ်းနယ်လာအောင် လုပ်ဆောင်ခဲ့ကြရသည်။


သူတို့စုံတွဲက တိတ်တဆိတ် တိုက်ခိုက်နေခဲ့သလို ထင်မှတ်ရသည်။ သူတို့ထဲက မည်သူကမှ ဗိုက်ဖြည့်ရန်နှင့် အနားယူရန် အရင်စ၍ မပြောခဲ့ကြပေ။ ဆာလောင်မှုကြောင့် မျက်လုံးများ ပြာဝေလာသည့်အခုကျမှ ရှန်ယွိက သူ၏ ကျောပိုးအိတ်ထဲမှ လခြမ်းကွေးပေါင်မုန့်ထုပ်ကို ထုတ်ယူလိုက်သည်။


သူက ဖုန်းစစ်ရွေ့၏ အရှေ့၌ ၎င်းကို ယမ်းပြလိုက်ရင်း အမှုမထားသလို ပြောလိုက်သည်။ "ရွေ့ကော ခင်ဗျား ဒီပေါင်မုန့်ကို မကြိုက်လောက်ဘူးမလား။"

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Donde viven las historias. Descúbrelo ahora