(၅၀.၂) အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ။

4.4K 390 3
                                        

အပိုင်း (၅၀.၂) အဲဒါက ငါနဲ့ ဘာဆိုင်လဲ။

သူမက ရှန်ဖေးယွီ၏ နောက်ကျောကို ကြည့်လိုက်ပြီး ခြေရာအား မြင်သောအခါ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "သူ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ခဲ့တာလား။"

"ကြည့်ရသလောက်တော့ သူ အသာစီးရခဲ့ပုံမပေါ်ဘူး။"

တွေးကြည့်ပြီးနောက် ဝမ်မုန့်က သူမ၏ အကြည့်များကို ဖုန်းစစ်ရွေ့ထံ ရွှေ့လိုက်သည်။ "မစ္စတာဖုန်း အရမ်း မဆင်မခြင်မလုပ်ပါနဲ့။"

"မဆင်မခြင်လုပ်တယ်တဲ့လား။ ဘာကို ဆိုလိုချင်တာလဲ။"

ဖုန်းစစ်ရွေ့က မျက်လုံးများကို ကျဥ်းမြောင်းကာ ကြည့်လိုက်သည်။ ထိုအချိန်၌ ရှန်ယွိက သူတို့ထံ ချဥ်းကပ်လာနေသည်ကို မျက်လုံးထောင့်မှနေ၍ ဖျတ်ခနဲ မြင်လိုက်သည်။ သူက ချက်ချင်းပင် ခပ်မတ်မတ် ရပ်လိုက်ပြီး ရှန်ယွိ လက်ထဲသို့ တွင်းထွက်ရေတစ်ပုလင်း လှမ်းပေးရင်း ပြောလိုက်သည်။ "မင်း ရေဆာနေပြီလား။"

ရှန်ယွိသည် ၎င်းအား သဘာဝကျကျ ယူလိုက်ပြီး ရှန်ဖေးယွီ ထွက်သွားသော ဘက်သို့ ကြည့်လိုက်သည်။ "ဟေး.. သူက ဘာလို့ အစောကြီး ထွက်သွားရတာလဲ။"

ဝမ်မုန့်ပ အလွန် ကျေနပ်အားရစွာဖြင့် ပြောလိုက်၏။ "မင်းကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ အဲဒါကြောင့် ရင်းနှီးမြုပ်နှံသူက စိတ်ချလက်ချ ထားခဲ့ပြီး အနားယူဖို့ ပြန်သွားတာနေမှာ။"

ရှန်ယွိက ပုလင်းအဖုံးကို ဖွင့်ရန် ပြင်လိုက်သော်လည်း အဖုံးက ပွင့်နေပြီးသားဆိုသည်အား ရှာတွေ့သွား၏။ သူက သံသယဖြစ်စွာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်သည်။

-----'ခွေးကောင်က ဒါကို သောက်ပြီးသားတော့ မဖြစ်နိုင်ပါဘူးနော်။ ဟုတ်တယ်မလား။'

-- 'အား--- ဘယ်လောက်တောင် ရွံဖို့ကောင်းလိုက်သလဲ။'

ဖုန်းစစ်ရွေ့၏ မျက်နှာ မည်းမှောင်သွားကာ ပုလင်းအား ပြန်ဆွဲယူလိုက်ကာ ဘာစကားတစ်ခွန်းမှမပြောဘဲ တစ်ငုံသောက်လိုက်ပြီးမှ ပုလင်းအား ရှန်ယွိလက်ထဲ ပြန်ပေးလိုက်သည်။ "မင်း အခု သောက်လို့ရပြီ။"

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Donde viven las historias. Descúbrelo ahora