အပိုင်း (၂၇.၂) ငါ့ရဲ့ စုငွေတွေ အကုန်ကုန်သွားရင်တောင် ဒီ Hot Search ကို ရအောင် ဆွဲချရမယ်!
အထူးသဖြင့် ထိုဟိတ်ဟန်များ၍ အလွန် ရက်စက်သည့် အကြမ်းဖက်သူတို့နှင့် ရင်ဆိုင်လိုက်ရသည့်အခါတွင် ဖြစ်သည်။ ထိုအကြမ်းဖက်တတ်သူများ အားလုံးကို သူတို့၏ ဘိုးဘေးမျိုးဆက် ဆယ့်ရှစ်ဆက်နှင့် မိသားစုတစ်ခုလုံးကို သူနှင့်အတူ ငရဲသို့ ဆွဲခေါ်သွားနိုင်ရန် ဆန္ဒရှိပေသည်။
သူ့တွင် စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်သာ မသန်မာခဲ့ပါလျှင် သူက ထိုအွန်လိုင်းအကြမ်းဖက်မှုတို့ကြောင့် ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။
ရုတ်တရက်ကြီး သူ့ မျက်ဝန်းထောင့်တို့က စိုစွတ်လာသည်။
ရှန်ယွိသည် သူ အများကြီး သောက်မိသွားသည်ဟု ခံစားလိုက်ရသည်။ သို့မဟုတ်ပါလျှင် သူက ဤကဲ့သို့ မလိုအပ်သည့် ခံစားချက်များကို ခံစားပြီး ဝမ်းနည်းနေလိမ့်မည် မဟုတ်ပေ။ သူက သူ့နောက်မှ ခြေသံကို ကြားသည့်အခါ လက်ကို အလျင်အမြန် မြှောက်ပြီး မျက်နှာအား ပွတ်သုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ။" ဖုန်းစစ်ရွေ့၏ သံလိုက်ကဲ့သို့ ညှို့ငင်နိုင်စွမ်းရှိသည့် အသံက သူ့နောက်ပါးမှ ထွက်ပေါ်လာသည်။
ရှန်ယွိက အပြုံးတစ်ခုနှင့် လှည့်ကြည့်လိုက်သည်။ "ညလေက နည်းနည်းပြင်းတယ်လေ။ အဲဒါကြောင့် မျက်လုံးပွတ်လိုက်ရုံပါ။"
ဖုန်းစစ်ရွေ့က သူ့ကို နက်ရှိုင်းသည့် အကြည့်တစ်ချက်ပေးလာပြီး နှုတ်ခမ်းများကို စေ့ပိတ်၍ မေးခွန်းဆက်မမေးတော့ပေ။ ထို့နောက် သူက ပြောလိုက်၏။ "သွားကြစို့။ ကားထဲဝင်။"
ယခုက ဆောင်းဦးအချိန် ဖြစ်သည့်အတွက် မနက်ခင်းနှင့် ညနေစောင်းအချိန်များတွင် အေးနေပြီ ဖြစ်သည်။
ရှန်ယွိက ဝိုင်တော်တော်များများ သောက်ထားသည်ဖြစ်ရာ သူ့ခန္ဓာကိုယ်က လွယ်လွယ်နှင့် အအေးမိနိုင်ပေသည်။
ВЫ ЧИТАЕТЕ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Любовные романыNote: ပင့်ကျောင်းစီအီးအို = Yandere CEO
