(၃၀.၂) အနမ်းခန်းရော အိပ်ရာဝင်ခန်းရော မပါပါဘူး.. ဒီဇာတ်ညွှန်းက သန့်သန့်လေး!

1.6K 231 8
                                    

အပိုင်း (၃၀.၂) အနမ်းခန်းရော အိပ်ရာဝင်ခန်းရော မပါပါဘူး.. ဒီဇာတ်ညွှန်းက သန့်သန့်လေး!

ထိုည၌ ယန်ချီချီ အိမ်သို့ ပြန်ရောက်သည့်အခါ စာကြည့်ခန်းအတွင်း၌ အလင်းရောင် ရှိနေဆဲဖြစ်ကြောင်း မြင်လိုက်ရသည်။ သူက တခဏမျှ တွေးပြီးနောက် စာကြည့်ခန်းသို့ လျှောက်သွားလိုက်သည်။ "လုဖေးကော အိမ်မှာရှိနေတာလား။"

လင်လုဖေးက ဖိုင်တစ်ခုကို ဖတ်နေခဲ့ပြီး ခေါင်းမော့မလာပေ။ "ဘာလို့တံခါးမခေါက်တာလဲ။"


"ထွက်သွား။"

သူ၏ အေးစက်နေသော အသံက ယန်ချီချီကို စိတ်မသက်မသာ ခံစားရစေသည်။ သူက နံရံကိုကပ်ကာ ထားထားသည့် ဆိုဖာထက် တိုက်ရိုက်ထိုင်ချကာ ပြောလိုက်သည်။ "ကျွန်တော် တစ်ခု ပြောစရာရှိလို့။"

"ငါ့မှာ မင်းနဲ့ ပြောစရာ ဘာစကားမှ မရှိဘူး။" လင်လုဖေး၏ အသံက တည်ငြိမ်နေသော်လည်း ယန်ချီချီ၏ ဒေါသက ​အလွယ်တကူ မြင့်တက်လာသည်။


သူက ဆိုဖာမှ ထရပ်လိုက်ပြီး စားပွဲထံသို့ ပြေးသွားကာ စားပွဲကို လက်နှစ်ဖက်နှင့် ရိုက်လိုက်သည်။ "ရှန်ယွိကို ကူညီဖို့ ဘာလို့ ရှင်းလင်းချက် ထုတ်ပေးခဲ့တာလဲ။"


"ခင်ဗျား သူ့အပေါ် ခံစားချက်ရှိနေတုန်းလား။"


ယန်ချီချီ ပြောလိုက်သည်နှင့် လင်လုဖေး၏ မျက်နှာထက်တွင် စက်ဆုပ်ရွံရှာသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ "ငါက အချက်အလက်အမှန်ကို ပြောပြခဲ့ရုံပဲ။"


"အဲဒီနေ့က မုန့်ချီရှန် ဝမ်ရှင်းအာကို ရိုက်ခဲ့တာ မင်းလည်း မမြင်ခဲ့ဘူးလား။"


ယန်ချီချီက ထိတ်လန့်သွားပြီး A နိုင်ငံသို့ ပထမဆုံး ရောက်ရှိခဲ့သည့် ညကို ပြန်တွေးလိုက်မိသည်။


သူက ထိုစုံတွဲ၏ RV ကို ဖြတ်သွားသည့်အချိန်၌ ရုတ်တရက် ဝမ်ရှင်းအာက ပြတင်းပေါက်သို့ ပစ်တွန်းခံလိုက်ရသည်ကို မြင်လိုက်ရ၏။ သူမ၏ ပါးပြင်က မှန်နှင့် အတင်းဖိကပ်ခံထားရပြီး သူမက ဆိုးဆိုးဝါးဝါး ငိုယိုနေခဲ့သည်။

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Dove le storie prendono vita. Scoprilo ora