Translator _ wattbigfan4
Editor _ WinterLeaf_00
(၄၀.၁) သေချာပေါက် ဝှက်ထားတဲ့ဓား*တော့ ရှိလိမ့်မယ်! (*သတိမထားမိတဲ့အချိန်မှာ ထိုးမယ့်ဓား)
နှစ်ရက်ဆက်တိုက် ရိုက်ကူးပြီးနောက် တက်သစ်စသရုပ်ဆောင်လေးများက သူတို့ မျက်နှာပေါ်မှာ အတုအယောင်ဆန်သည့် တွန့်ဆုတ်မှုနှင့် အပြုံးတို့ကို ဆင်မြန်းရင်း ရှန်ယွိကို ရိုက်ကွင်းအပြင်ဘက်သို့ လိုက်ပို့ပေးကြသည်။
"ရှန်လောင်ရှီး အရမ်း အစောကြီး ပြန်လာစရာမလိုဘူး သိလား။ နှစ်ရက်ထက်ပိုကြာမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ကျွန်တော်တို့ လောင်ရှီးကို သတိရနေမှာပါ!"
ရှန်ယွိက သူ့ခေါင်းကို လှည့်ပြီး ပြောလိုက်သည်။ "ငါ မသွားဘဲ နေလိုက်ရင်ရော ဘယ်လိုလဲ။ ငါ မင်းတို့ကို မသင်ပေးရသေးတဲ့ အရာတွေ အများကြီးကျန်နေသေးတယ်လေ။"
သရုပ်ဆောင်များက တုန်လှုပ်သွားကြသည်။ " အလျင်မလိုပါနဲ့။ အနာဂတ်မှာ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။"
ရှန်ယွိက ဖုန်းကျင်းဟယ်ဆီ ပြန်လှည့်ကြည့်လိုက်သည်။ " မင်းတစ်ယောက်တည်း ရိုက်ကူးဖို့ အဆင်ပြေရဲ့လား။"
ကောင်လေးက သူ၏ နောက်ကျောကို ပွတ်လိုက်ပြီး နေ့လယ်ကျရင် သူရဲ့ကျောရိုးအဆစ့ လွဲသွားမသွား စစ်ဆေးရန် ခွင့်တောင်းဖို့ရာ စဥ်းစားလိုက်သည်။ "ကျွန်တော် တစ်ယောက်တည်း အဆင်ပြေတယ်။ ခင်ဗျား စိတ်ချလက်ချသာ သွားပါ။"
ရှန်ယွိ, "......"
'ဒီ ကျေးဇူးမသိတတ်တဲ့ ဟာတွေကတော့!'
သူက ခရီးဆောင်အိတ်ကိုဆွဲကာ သူ၏ တစ်ပတ်ရစ် နာနီကားလေးကို ရှာလိုက်သည်။ သို့သော် သူက ဖုန်းစစ်ရွေ့၏ ကားကိုသာ တွေ့လိုက်ရပေသည်။
----'ခွေးကောင်က ငါ့ကို လာခြောက်လှန့်နေတာလား?'
------'ငါ ကျန်တဲ့ဘဝတစ်လျှောက်လုံးကို ဒီလိုမျိုးနေသွားရမှာလား?!'
------'မဖြစ်ဘူး၊ ငါနည်းလမ်းတစ်ခုခုကို အမြန်ဆုံး ရှာမှ ဖြစ်တော့မယ်'
ရှန်ယွိက သူ့ခရီးဆောင်အိတ်ကို ဆွဲကာ ရှေ့သို့ ဆက်လျှောက်သွားသည်။
KAMU SEDANG MEMBACA
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomansaNote: ပင့်ကျောင်းစီအီးအို = Yandere CEO
