(၃၅.၂) မင်းကို မုန်းဖို့အတွက် အကြောင်းပြချက် လိုနေသေးလို့လား။

1.9K 233 8
                                    

အပိုင်း (၃၅.၂) မင်းကို မုန်းဖို့အတွက် အကြောင်းပြချက် လိုနေသေးလို့လား။

ရေချိုးပြီးနောက် အိပ်ရာထက်တွင် လဲလျောင်းနေရင်း ရှန်ယွိက ခွေးကောင်ဆီ ဖုန်းပြန်ခေါ်သင့်လားဟူသည့် အကြောင်း တွန့်ဆုတ်စွာ တွေးနေခဲ့သည်။ သို့သော် သူက ​ဖုန်းပြန်မခေါ်တော့ရန် ဆုံးဖြတ်လိုက်သည်။

တစ်ခုခု အရေးကြီးတာ ရှိခဲ့ရင် ခွေးကောင်က နောက်တစ်ခါ ထပ်၍ ဖုန်းခေါ်သင့်သည်။

အကြောင်းပြချက်က အလွန် ခိုင်မာသဖြင့် ရှန်ယွိက စိတ်ထဲ ဝန်ထုပ်ဝန်ပိုးမရှိဘဲ အိပ်မောကျသွားတော့၏။

ထိုအဖြစ်အပျက်ပြီးနောက် ဖုန်းစစ်ရွေ့က ဗီလာ၌ မနေတော့ပေ။ သူက မြို့လယ်ခေါင်ရှိ သူ့တိုက်ခန်းတွင် နေထိုင်ရန် ကားမောင်းပြန်လာသည်။ သူက နောက်တစ်နေ့နံနက်၌ ကုမ္ပဏီသို့ စောစောသွားခဲ့ပြီး အတွင်းရေးမှူးကို ခေါ်လိုက်သည်။

"ရှာတွေ့ပြီလား။"

အတွင်းရေးမှူးက အနည်းငယ် စိုးရိမ်ပူပန်နေပြီး စာရွက်စာတမ်းတစ်ထပ်ကို စားပွဲပေါ် တင်လိုက်သည်။ "ကျွန်တော် အချက်အလက် အများကြီး ရှာမတွေ့ခဲ့ဘူး။"

"ပြော။" ဖုန်းစစ်ရွေ့က ထိုင်ခုံတွင် မှီလိုက်ပြီး သူ့မျက်နှာက မျက်တွင်း အနည်းငယ်ကျ၍ ဖြူဖျော့နေသည်။ သူ မနေ့ညက မအိပ်ခဲ့ရပုံရလေသည်။

သူ့အမူအရာက အနည်းငယ် မည်းမှောင်နေသည်။

"ဝဘ်ဒရာမာ 'ကျောက်စိမ်းဓားရဲ့ လမ်းစဥ်' ကို ပြည်ပကုမ္ပဏီတစ်ခုက ဝယ်ခဲ့တာ။ အဲဒါက IP ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစောကြီးကတည်းက စတင်ပြင်ဆင်ခဲ့တာ.."

"အဲဒီကုမ္ပဏီကို စန်းဟွာလို့ ခေါ်ပြီး တရုတ်လူမျိုးတစ်ယောက်က တည်ထောင်ခဲ့တယ်။ ပြောကြတာတော့ သူတို့ရဲ့ နောက်ခံက အရမ်း ဒဏ္ဍာရီဆန်ပြီး လျှို့ဝှက်ဆန်းကြယ်တယ်တဲ့။ အစစ်အမှန် နောက်ခံကို ဘယ်သူမှ မသိကြဘူး။"
 
"စန်းဟွာက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း လျင်လျင်မြန်မြန် ကြီးထွားလာပြီး A နိုင်ငံရဲ့ နယ်ပယ်အမျိုးမျိုးမှာ ပါဝင်ခဲ့တယ်။ အဲဒီကုမ္ပဏီမှာ နက်ရှိုင်းတဲ့ အုတ်မြစ်ရှိပြီး နိုင်ငံတစ်ခုစာလောက်ကို ချမ်းသာတယ်လို့ ပြောကြတယ်။ ဒါပေမယ့်...."

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်حيث تعيش القصص. اكتشف الآن