Translator _ wattbigfan4
Editor _ WinterLeaf_00
(၄၀.၂) သေချာပေါက် ဝှက်ထားတဲ့ဓား*တော့ ရှိလိမ့်မယ်! (*သတိမထားမိတဲ့အချိန်မှာ ထိုးမယ့်ဓား)
"ရွေ့ကော.. ဘာလို့ ကျွန်တော့်ကို ကြည့်နေတာလဲ။" ရှန်ယွိ သူ့ပါးကို ထိကာ စိတ်ရှုပ်စွာ မေးလိုက်သည်။ "ကျွန်တော့် မျက်နှာပေါ်မှာ တစ်ခုခုရှိနေလို့လား။"
"မင်း ဘယ်လောက်ချောလဲလို့ ငါ ကြည့်နေတာ။ နည်းနည်းလောက် ပိုပြီး ကြည့်လို့မရဘူးလား။" ဖုန်းစစ်ရွေ့က အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
ရှန်ယွိ, "အဲလိုမပြောပါနဲ့။ ကျွန်တော် ရှက်လာပြီ။"
-----'*ဝေါ့(အော့အန်)*'
------'ဒါက အရမ်းရွံစရာ ကောင်းတာပဲ!'
ဖုန်းစစ်ရွေ့က သူ့အကြည့်ကို ပြတင်းပေါက်ဆီသို့ ပြောင်းလိုက်သည်။
သူက အသက်ပြင်းပြင်းရှူရင်း သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားလိုက်သည်။
'အဖိုး ဒီလက်ထပ်ပွဲကို စီစဥ်တုန်းက သူ ဘာလို့ မကန့်ကွက်ခဲ့တာများလဲ။'
ဝန်ထမ်းတွေက 'မင်းနဲ့အတူ ဖဝါးထပ်ကြပ်မကွာ' မှ ပါဝင်သူများကို လေဆိပ် VIP ဧည့်ခန်းမှာ တွေ့ဆုံရန် စီစဥ်ပေးထားသည်။
အဖွဲ့သားများနှင့် ကင်မရာတွေက အစောကြီးကတည်းက စောင့်နေကြပြီ ဖြစ်သည်။ ဖုန်းစစ်ရွေ့နှင့် ရှန်ယွိတို့ အတူတူ လမ်းလျှောက်ဝင်လာသည့်အခါ သူတို့က အလောတကြီး လာနှုတ်ဆက်ကြသည်။
Barrage ကလည်း ရုတ်ချည်း အသက်ဝင်လာ၏။
[သခင်ရှန် နောက်ဆုံးတော့ ပေါ်လာပြီ။ ငါ အရမ်း စိတ်လှုပ်ရှားနေပြီ။ သခင်ရှန်က ထာဝရ နတ်ဘုရားဘဲ။]
[ငါ အမျှော်လင့်ဆုံးကတော့ သခင်ရှန်ရဲ့ ပါးရိုက်ချက်တွေပဲ၊ သူက ဖျော်ဖြေရေးနယ်ပယ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီလိုပဲ။ အထူးသဖြင့် လက်ဖက်စိမ်းတွေနဲ့ ဆန်ကုန်မြေလေးတွေကို ကွက်ကွက်ကွင်းကွင်း ဖဲ့နိုင်တဲ့သူမျိုးလေ။]
[သခင်ရှန်က ဘာလို့ ရေပန်းမစားရတာလဲဆိုတာ ငါ နောက်ဆုံးတော့ နားလည်သွားပြီ။ ဘာလို့လဲဆိုတော့ သူ့ ပတ်ပတ်လည်မှာရှိတဲ့ စတားတွေက သူနဲ့သဟဇာတမဖြစ်ဘဲ အဓိကကတော့ သူရဲ့ စံနဲ့ မကိုက်ညီလို့ပဲ။]
ВЫ ЧИТАЕТЕ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Любовные романыNote: ပင့်ကျောင်းစီအီးအို = Yandere CEO
