အပိုင်း (၄၉) သူက အတုပဲ ဖြစ်ရမယ်!
ရှန်ယွိက တစ်ချိန်တည်းလိုလို နောက်သို့ တိုက်ရိုက် ခုန်ရှောင်လိုက်သည်။
သူ ပြုလုပ်ခဲ့သော သုံးနှစ်တာ လေ့ကျင့်မှုသည် အထူးတပ်ဖွဲ့တွင် သူ သင်ယူခဲ့သော စွမ်းရည်များအပြင် သူ၏ အရင်ဘဝမှ စွမ်းရည်များကိုပါ သူ့အား ပြန်လည်ရရှိစေခဲ့သည်။ သူ့ လှုပ်ရှားမှုများသည် အားကစားသမား တစ်ယောက်လို လျင်မြန် သွက်လက်နေခဲ့ပြီး တိုက်ခိုက်လာသူကို မမြင်ရတာတောင်မှ ပြန်လည် တိုက်ခိုက်နိုင်ခဲ့သည်။
နားနေခန်းထဲတွင် ပုန်းနေသော လူသည် ရှန်ယွိ၏ ပြန်လည် တိုက်ခိုက်နိုင်စွမ်းက ထိုမျှလောက်အထိ ပြင်းထန်လိမ့်မည်ဟု မျှော်လင့်ထားပုံ ပေါ်မနေချေ။
သူ၏ တိုက်ခိုက်မှုများသည် တိုက်ပွဲတစ်ခုတွင် လက်ရည်ယှဥ်တိုက်ခိုက်နေသကဲ့သို့ ကြမ်းတမ်းကာ ပြင်းထန်နေခဲ့၏။ 'မင်းသေရင်သေ မဟုတ်ရင် ငါသေလိမ့်မယ်'ဆိုတဲ့ ပုံစံလိုမျိုး ဖြစ်နေသည်။
သူ့ကို ပို၍ ထိတ်လန့်စေသည်မှာ သူက ကိုယ်ခံပညာကို ဆယ်နှစ်လေ့လာခဲ့တာဖြစ်ပေမယ့် ရှန်ယွိကို အသာစီးမရနိုင်သေးဘဲ အရိုက်ခံနေရဆဲ ဖြစ်လေသည်။
ထို ခြေထောက်ရှည်များ သူ့မျက်နှာတည့်တည့်သို့ ဦးတည်လာတာကို မြင်လိုက်ရပြီးနောက် သူ လုံးဝ မရှောင်နိုင်တော့ပေ။
သူ့မျက်နှာအား ဖြတ်တိုက်လာသော လေပြင်းတစ်ချက်သည် ဤကန်ချက်၏ ခွန်အားက သူ့ ဦးခေါင်းခွံအား ကြေမွသွားစေရန် လုံလောက်ကြောင်း သူ့အား ပြောပြနေခဲ့၏။
"ငါက ရင်းနှီးမြုပ်နှံသူပဲ။"
နောက်ဆုံးအခိုက်အတန့်တွင် သူက လျင်မြန်စွာ အော်ပြောလိုက်ရသည်။
ရှန်ယွိ တန့်ခနဲဖြစ်သွားကာ သူ့ခြေထောက်သည်လည်း လေထဲတွင် ရပ်နေခဲ့သည်။ သူ့ခေါင်းအား ဘေးဘက်သို့ စောင်းငဲ့ကာ မေးလိုက်သည်။ "ခင်ဗျား ဘာပြောလိုက်တာ။"
ထိုလူ၏ နဖူးပေါ်မှ ချွေးအေးများ စီးကျလာသည်။ "ငါက ရင်းနှီးမြုပ်နှံသူလို့ ပြောတာ။"
ВЫ ЧИТАЕТЕ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Любовные романыNote: ပင့်ကျောင်းစီအီးအို = Yandere CEO
