အပိုင်း (၁၃) မနာလိုနေတဲ့စိတ်ပုပ်ကောင်လို သရုပ်ဆောင်ရမယ့် အချိန်ပဲ!
ဖုန်းစစ်ရွေ့၏ ခေါင်းထဲတွင် မည်သည့်လေ တိုက်ခတ်နေသည်မသိဘဲ သူက အိပ်ရာပေါ်၌ အတူတူအိပ်ရန် ခေါင်းမာနေပေသည်။
သူက အေးစက်သော မျက်နှာနှင့် ရှန်ယွိကို အိပ်ရာပေါ်သို့ သွားရန် အမိန့်ပေးလိုက်သည်။ သူတို့က သရုပ်ဆောင်ရန် ဆုံးဖြတ်ထားသည့်အတွက် အကောင်းဆုံး လုပ်ဆောင်ရန် လိုအပ်ပေသည်။ နောက်တစ်နေ့တွင် ရိုက်ကူးရေးအဖွဲ့က လျှပ်တပြက် တိုက်ခိုက်လာသည့်အခါ သူတို့နှစ်ယောက် သပ်သပ်စီ ခွဲအိပ်နေသည်ကိုသာ မိသွားပါက နောက်တစ်နေ့၏ အနုပညာလောက ထိပ်တန်းသတင်းမှာ သူတို့နှစ်ယောက်အကြောင်း ဖြစ်လာလိမ့်မည်ဟု ဖုန်းစစ်ရွေ့က ပြောခဲ့သည်။
ရှန်ယွိက ထိုအကြောင်းနှင့် ပတ်သတ်ပြီး အမှန်တကယ် ငြင်းခုန်ချင်နေသည်။
သူတို့၏ တံခါးကို သော့ပိတ်ထားသရွေ့ မည်သည့် ကင်မရာက ခိုး၍ ရိုက်ကူးနိုင်ပါမည်နည်း။
စိတ်မကောင်းစရာမှာ ဖုန်းစစ်ရွေ့၏ မျက်နှာထက်တွင် 'အာဏာဖြင့် အနိုင်ကျင့်ခြင်း' ဟူသည့် စကားလုံးကို ထွင်းမထားရုံတမယ် ရှိနေသည့် တည်တင်းလှသည့် မျက်နှာထားအောက်တွင် ရှန်ယွိက မည်သည့် အငြင်းစကားမှ ထွက်မလာနိုင်တော့ပေ။ သူက ဆိုဖာလေးကို လွမ်းလွမ်းဆွေးဆွေး ကြည့်လိုက်ပြီး အိပ်ရာထက်သို့ တွန့်ဆုတ်သွား ပြောင်းရွှေ့ခဲ့ရသည်။
သူ့ခေါင်းက ခေါင်းအုံးပေါ် ရောက်သွားသည်နှင့် ရှန်ယွိက မနေနိုင်ဘဲ စိတ်ထဲကနေ စတင်ညည်းညူလိုက်သည်။
-- 'ဒီခွေးကောင်က သန့်ရှင်းတာကို ထူးထူးခြားခြား စွဲလမ်းနေတာ မဟုတ်ဘူးလား။ ဒါက လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ဥက္ကဋ္ဌတစ်ယောက်ရဲ့ စံသတ်မှတ်ချက် မဟုတ်ဘူးလား။ သူက ပြီးကျရင် ကျိန်းသေ လောင်ကျစ်နဲ့ ဝေးဝေးနေလိမ့်မယ်။ အဲဒါကြောင့် ငါ ဘာမှ ကြောက်နေစရာ မလိုအပ်ဘူး။'
-- 'လောင်ကျစ် စိတ်ကို ခိုင်ခိုင်ထားပြီး အိပ်မပျော်သွားအောင် နေရမယ်။ သူ့ စောင်ကို ဆွဲယူဖို့အတွက် ဒီခွေးကောင် အိပ်ပျော်သွားတာကို စောင့်ရမယ်။ ဟီးဟီးဟီး ပြီးရင် ဟိုဘက်က ပြတင်းပေါက်ကို ဖွင့်ထားပေးလိုက်မယ်။ တစ်ညလုံး လေအေးအေးတွေ အတိုက်ခံရရင် သူ ခံနိုင်ရည် ရှိမလား ကြည့်ရအောင်။'
BẠN ĐANG ĐỌC
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Lãng mạnNote: ပင့်ကျောင်းစီအီးအို = Yandere CEO
