အပိုင်း (၁၇) အဖိုးဖုန်းက ကျိန်ဆဲဖို့ ခွင့်မပြုဘူး!
မင်းက ငါ့ကို မိန်းမငယ်လေးနဲ့ လက်ထပ်ရဖို့ အာဏာသုံးခဲ့တဲ့ အဘိုးကြီးနဲ့ လာပြီးနှိုင်းယှဥ်နေတာလား။
ငါက မင်းကို အတင်းအကျပ် လက်ထပ်ပါလို့ ဖိအားပေးခဲ့မိလို့လား။
ဒီလက်ထပ်ပွဲအတွက် မင်းရင်ထဲမှာ ဘယ်လောက်တောင် တွန့်ဆုတ်မှုတွေ ပြည့်နေခဲ့တာလဲ။
ဖုန်းစစ်ရွေ့၏ ဒေါသက မုန်တိုင်းသဖွယ် ဖြစ်ပေါ်နေခဲ့သည်။ သူက ရှန်ယွိကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားပြီး ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း မေးနိုင်ရန် ဆုတောင်းမိသည်။
သို့သော် သူက ယခုအချိန်တွင် သူ့ကိုယ်သူ ထိန်းချုပ်ထားရန်သာ တတ်နိုင်ပြီး သူ၏ ဒေါသများကို အတင်းအကျပ် ဖိနှိပ်လိုက်ရသည်။
ထိုအချိန်၌ လီဟောက်နှင့် ယန်ရွေ့ချင်းတို့က သူတို့ကို ဖြတ်သွားခဲ့ပြီး ထိုမြင်ကွင်းအား မြင်လိုက်ရပေသည်။ ယန်ရွေ့ချင်း၏ ခြေလှမ်းများက တန့်သွားပြီး သူ့မျက်နှာထက်၌ မည်သည့် ခံစားချက်မှ မပြသလာသော်လည်း သူ့နှလုံးသားထဲတွင် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နေခဲ့၏။
ဖုန်းစစ်ရွေ့ထံ၌ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို ရွံရှာတတ်သည့် စိတ်ရှိသည်ကို မည်သူကမှ သူ့ထက်ပိုပြီး မသိနိုင်ပေ။ သူက ဖုန်းစစ်ရွေ့နှင့် နီးကပ်ရန် ကြိုးစားသည့် အချိန်တိုင်း ဖုန်းစစ်ရွေ့က တမင်သက်သက် ရှောင်တိမ်းသွားတတ်ပေသည်။
သို့သော် သူက ယခု မည်သည့်အတွက်ကြောင့် ရှန်ယွိနှင့် ထိုမျှ နီးကပ်စွာ ရှိနေရပါသနည်း။
ထို့ပြင် သူက မည်သည့် စက်ဆုပ်ရွံရှာမှုကိုမှ မပြသခဲ့ပေ။
"ရွေ့ကော တစ်ခုခုကိုများ နားလည်မှုလွဲနေတာလား။" ရှန်ယွိ၏ မျက်လုံးများက ရုတ်တရက် လက်ခနဲ ဖြစ်သွားပြီး စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိနေသူကဲ့သို့ ဖြူစင်ရိုးသားပြီး နုံအသည့်ဟန်ဆောင်လိုက်သည်။ သူက ပုံမှန် ဆူပူသောင်းကျန်းတတ်သည့် သူ၏ သဘာဝနှင့် အလွန် ကွဲပြားစွာ ပြုမူနေ၏။
![](https://img.wattpad.com/cover/322517026-288-k824488.jpg)
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO