အပိုင်း (၅၅) မင်း ဘယ်သူ့ကို ခွေးတွေကြောင်တွေလို့ ခေါ်နေတာလဲ။
ရိုးရိုးသားသား ပြောရလျှင် ဖုန်းစစ်ရွေ့အနေဖြင့် စိုးရိမ်ပူပန် စိတ်လှုပ်ရှားရသည့် ခံစားချက်ဖြစ်ပေါ်သည်က ခပ်ရှားရှားပင်။ ၎င်းမှာ သူ၏ ရင်ဘတ်ထဲ၌ သမင်လေးတစ်ကောင် ခုန်ပေါက်နေသကဲ့သို့ ခံစားရပေသည်။
သူ၏ စိတ်ခံစားချက်မှာ ဖော်ပြရန်ပင် ခက်ခဲလှသည်။ သူက မျှော်လင့်စောင့်စားနေသလို စိတ်လှုပ်ရှားသည့် ခံစားချက်လည်း ရှိနေပြီး ဖုန်းကို ကိုင်ထားသည့် သူ့လက်ဖဝါးများကပင် ချွေးများထွက်နေသည်။
နောက်ဆုံး၌ ဝီချက်မှ ဓာတ်ပုံတစ်ပုံ ရောက်လာခဲ့သည်။
တစ်ချက်ကြည့်ပြီးနောက် သူ၏ မျက်နှာက မည်းမှောင်သွားခဲ့၏။
ဓာတ်ပုံမှာ ရှန်ယွိတစ်နေရာရာမှ ယူလာဟန်တူသည့် ခပ်ဝိုင်းဝိုင်းဇလုံတစ်ခု ဖြစ်သည်။ ထိုဇလုံ၏ အလယ်တွင် ရေများ စိုနေသည့် ပုဝါလေးတစ်ထည် ရှိနေ၏။
ဓာတ်ပုံ၏ နောက်တွင် စာကြောင်းတစ်ကြောင်း ကပ်ပါလာသည်။
[ရွေ့ကော မြင်လား။ ကျွန်တော် အကြိမ်ရေ အများကြီး ဒိုက်ထိုးခဲ့တာ။ ကျွန်တော် ဘယ်လောက်တောင် ချွေးထွက်နေလဲဆိုတာ ပုဝါတောင်မှ ရွှဲနစ်နေရောပဲ တွေ့လား။]
ဖုန်းစစ်ရွေ့ , "..."
သူသည် ဝီချက်မက်ဆေ့ချ် မပို့ခင် ဒေါသစိတ်တွေ ငြိမ်သက်သွားအောင် အချိန်အတော်ကြာ ယူလိုက်ရသည်။ [မနက်ဖြန် ခွင့်တိုင်လိုက်။ အိမ်မှာ စားသောက်ပွဲရှိတယ်။ မင်း ပျက်ကွက်လို့ မရဘူး။]
ရှန်ယွိက ဖုန်းကို ကိုင်ထားပြီး စာမပြန်ရဲပေ။
'ဖာ့ခ်! ဒီခွေးကောင်က ငါ့ကို လက်စားချေဖို့ အခွင့်အရေးကို စောင့်နေတာ မဟုတ်ဘူးလား။
ငါ သူ့ကို ဓာတ်ပုံမပြတာကြောင့်လေးနဲ့လေ။'
ငါးမိနစ်လောက် စောင့်ပြီးချိန်၌ ဖုန်းစစ်ရွေ့က ထပ်မစောင့်နိုင်တော့ဘဲ နောက်ထပ် မက်ဆေ့ချ် တစ်စောင် ထပ်ပို့လိုက်သည်။ [မင်း အိပ်ပျော်သွားပြီလို့ ပြောရင် ငါ အခုချက်ချင်း ဟိုတယ်ကို မောင်းလာပြီး အိပ်ရာထဲက ဆွဲထုတ်ပစ်မယ်!]
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
