အပိုင်း (၆၆) မင်းတစ်ယောက်တည်းပဲ။
သူတို့၏ ဗီလာသို့ ပြန်ရောက်သောအခါ ဖုန်းစစ်ရွေ့သည် ရှန်ယွိ၏ အနောက်သို့ တစ္ဆေ တစ်ကောင်ပမာ တစ်ကောက်ကောက်လိုက်နေတော့သည်။
သူ၏ အေးတိအေးစက် မျက်နှာထက်ရှိ အကြည့်ကြောင့် သားရဲကောင်တစ်ကောင်အလား အရှိန်အဝါတို့ ထွက်နေတော့၏။
ရှန်ယွိက စိတ်ရှုပ်သွားပြီး ရေချိုးခန်းထဲသို့အပြေးသွားလေသည်။ သူက Systemကို စိတ်ထဲမှ မရပ်မနား ခေါ်နေမိသည်။
“ဝန်ဆောင်မှုဆိုတာ ဘယ်မှာလဲ။ ဘာလို့ မင်းရဲ့ဝန်ဆောင်မှုက အဲဒီလောက်တောင် ညံ့နေရတာလဲ။”
“အလုပ်တောင် ပြုတ်တော့မယ့်ဟာကို သေချင်ယောင်ဆောင်နေသေးတာလား။”
[အချစ်လေး၊ စိတ်လျော့ပါ--]
"မင်းဖင်ကြီးကိုပဲ စိတ်လျော့ခိုင်းလိုက်ပါလား။ ရှန်ယွိက သူ၏ဆံပင်များကို အထိတ်ထိတ်အပျာပျာ ဆောင့်ဆွဲရင်းပြောလိုက်၏။“ငါတော့ Fu*ck ခံရတော့မှာ…”
[ အချစ်လေး၊ အကောင်းဖက်က တွေးကြည့်စမ်းပါ။] သူ၏စကားစကိုဖြတ်ကာ Systemက ကြင်နာစွာ ပြောလာသည်။ [ မကွာရှင်းဘူးဆို စည်းစိမ်ဥစ္စာတွေတင်မကပဲ ရုပ်ချော၊ ခန္ဓာကိုယ်တောင့်ပြီး ကြင်လည်းကြင်နာတတ်တဲ့ ရွှေရောင်ခင်ပွန်းကို ရမှာနော်။]
ရှန်ယွိ ရုတ်တရက် ငြိမ်ကျသွားသော်လည်း သူ၏ မျက်လုံးများကိုမူ အန္တရာယ်ရှိသည့်ဟန် ကျဉ်းမြောင်းကာထားသည်။“မင်း ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမလား။”
“ဒီလိုမျိုးထောင်ချောက်ဆင်ပြီး လောင်ကျစ်ကို မျှားခေါ်ခဲ့တာမလား။”
[အချစ်ကလေး၊ဒါက ပြန်လည်မွေးဖွားလာပြီးနောက် ချမ်းသာတဲ့မိသားစုထဲကို လက်ထပ်ဝင်ရောက်ခွင့်လေ။ ဘယ်လိုပဲကြည့်ကြည့် ဒါ မင်းအတွက် အကျိုးအမြတ်ရှိတယ် မဟုတ်ဘူးလား။]
ရှန်ယွိ “…”
‘ဒီစကားကြောင့် ငါသောက်ကျိုးနည်း ဆွံ့အသွားရပြီပေါ့။’
[ဒါတောင် ချမ်းသာတဲ့ခင်ပွန်းရဲ့နှလုံးသားကို မင်း အရယူနိုင်ခဲ့တဲ့အကြောင်း ထည့်မပြောရသေးဘူးနော်။ အခုဆိုရင် မင်းလည်း အထောက်အလျောက်တော့ ပျော်နိုင်နေပြီလေ…]
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
