(၅၈)

2.7K 298 5
                                        

အပိုင်း (၅၈) ဒီနေရာက မင်း ထင်ရာစိုင်းလို့ရတဲ့ နေရာ မဟုတ်ဘူး။

ထိုစကားကို ကြားလိုက်ရသောအခါ ရှန်ယွိ၏ စိတ်အခြေအနေမှာ တစ်ရာ့ရှစ်ဆယ်ဒီဂရီအနေအထားဖြင့် ပြောင်းလဲသွားတော့သည်။ သူက လေပြေအေးလေးနှင့် ပြောလိုက်၏။“တောင်းပန်ပါတယ် လီမားမား၊ ကျွန်တော် ညီငယ်လေးနဲ့ ကတောက်ကဆ မဖြစ်ခဲ့သင့်ပါဘူး…”

“ ဇိမ်ခံပစ္စည်းအရောင်းဆိုင်ကို ကျွန်တော် မသွားခဲ့ရမှာ…”

“ ညီလေးက ကျွန်တော့်ကို မောင်းမထုတ်ရင်တောင် ချက်ချင်းထွက်လာခဲ့သင့်တာပါ။ VIP အဖွဲ့ဝင်ဖြစ်ဖို့ ကျွန်တော့်မှာ ဘာအရည်အချင်းရှိလို့လဲ…”

သူ ပြောနေစဉ်အတွင်း လီဖုန်းဟွာသည် တစ်ခုခုမှားနေကြောင်း သတိထားမိသွားပြီး ဖြတ်ပြောရန် ပါးစပ်ဟလိုက်ချိန်၌ ဖုန်းကို စိမ်ပြေနပြေထုတ်ယူနေသည့် ရှန်ယွိအား တွေ့လိုက်ရ၏။

“ညီလေးကို စိတ်အနှောင့်အယှက်ပေးဖို့ တကယ် မရည်ရွယ်ခဲ့ပါဘူး။ အဲ့နေရာမှာ သူရှိမှန်းသာ သိခဲ့ရင် ကျွန်တော် သွားမှာ မဟုတ်ဘူး။”

“လီမားမား အထင်လွဲသွားမှာကို ကျွန်တော် ကြောက်ပါတယ်ဗျာ။ အဲဒါကြောင့် အထူးတလည်အနေနဲ့ ကျွန်တော် အသံတောင် ဖမ်းထားလိုက်သေးတယ်။ ဒီမှာ နားထောင်ကြည့်…”

လီဖုန်းဟွာ တားဆီးခြင်းမပြုနိုင်ခင် ဖုန်းအတွင်းမှ ထွက်ပေါ်လာသော အထက်စီးဆန်သည့် အသံကို လူတိုင်းကြားလိုက်ရသည်။

“မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ်၊ ဆိုင်မန်နေဂျာကို ထွက်လာခိုင်းလိုက်စမ်း။”

“မင်းတို့ ဘယ်လိုတွေဝန်ဆောင်မှုပေးနေကြတာလဲ။”

“လေလွင့်ခွေးတွေကြောင်တွေကတောင် ဆိုင်ထဲဝင်ပြီး စျေးဝယ်လို့ရနေတယ်ပေါ့။ အနာဂတ်မှာ စီးပွားရေးရော ဆက်လုပ်ချင်ကြသေးရဲ့လား။”

“ထွက်သွားစမ်း။ ဒီနေရာက မင်းနဲ့ဘာမှမဆိုင်ဘူး…”

“သူက VIP အဖွဲ့ဝင်မှ မဟုတ်တာ ဘယ်လိုလုပ်ပြီး ဒီကိုခိုးဝင်လို့ရနေတာလဲ။”

“သရုပ်ဆောင်ဖြစ်ရုံနဲ့ပဲ ဒီကိုလာပြီး ပစ္စည်းတွေ ဝယ်လို့ရတာပေါ့လေ။ မင်းတို့က ငါ့အဆင့်အတန်းကို နိမ့်ပါးအောင်လုပ်နေကြတာလား။”

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Where stories live. Discover now