အပိုင်း (၅၁) ဒီတလော ငါ လေ့ကျင့်ခန်းလုပ်ထားတဲ့ ရလဒ်က ဘယ်လိုနေလဲ။
စာတိုက်မှ ပေးပို့လိုက်သည့် ပစ္စည်းက ထိုနေ့ ညနေတွင် ရောက်ရှိလာခဲ့သည်။
ရှန်ယွိက ညအိပ်ဝတ်စုံကို သာမန်ကာလျှံကာ ကောက်စွပ်လိုက်ပြီး အရှေ့စားပွဲတွင် တင်ထားသည့် ပါဆယ်ထုပ်ကို ယူရန် အပြေးလေး သွားခဲ့၏။
သူ့ အခန်းသို့ ပြန်ရောက်ပြီးနောက် ၎င်းကို ဖွင့်လိုက်ပြီး သူက တစ်စုံတစ်ယောက်ထံသို့ ဖုန်းလှမ်းခေါ်လိုက်သည်။ "ဒါလေးပဲလား။"
အခြားတစ်ဖက်မှ အတုအယောင် ငိုသံတစ်ခု ညှစ်ထုတ်ရင်း ပြောလာ၏။ "သခင်ရှန်ရေ ကျွန်တော်တို့ ပြည်တွင်းမှာ အဲဒီလို အရာမျိုးကို ခွင့်ပြုမထားဘူးလေ။ ဒီဟာလေး ရနိုင်တာတောင် တော်တော် ကောင်းနေပြီ။"
ရှန်ယွိက ခေါင်းညိတ်လိုက်သည်။ "အဲဒါတော့ ဟုတ်တယ်..."
"ကျွန်တော်တို့က ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားကောင်းလေးတွေပါနော်။ ပြဿနာဖြစ်စေမယ့် ကိစ္စတွေကို ဘယ်လိုလုပ်နိုင်မှာလဲ။"
သူက ဖုန်းချလိုက်ပြီးနောက် လက်ပ်တော့ပ်ကို ဖွင့်ကာ ကွန်ပျူတာပေါ်၌ ရိုးရှင်းသော ဂရိုဂရမ်မင်းဆော့ဖ်ဝဲလ်တစ်ခု ဖွင့်လိုက်သည်။
ရှန်ယွိက လက်ကောက်ဝတ်ကို လှည့်ကာ အကြောလျှော့လိုက်ပြီး ညအလုပ်ကို စတင်လိုက်၏။
‘မင်းအမေပဲ! မင်း ငါ့လူကို ယူသွားလို့ ရပေမယ့် ငါ့ ပိုက်ဆံကိုတော့ ကျိန်းသေ ယူသွားလို့ မရဘူး!'
ယန်ရွေ့ချင်း သူ၏ တိုက်ခန်းသို့ ပြန်ရောက်လာသည့်အခါ မန်နေဂျာက ဆိုဖာပေါ်တွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။ မန်နေဂျာက သူ့ကို မြင်သည့်အခါ မေးလိုက်၏။ "အခု အရမ်းနောက်ကျနေပြီ။ ဘာလို့ ဒီကို လာဖို့ ခေါ်ခဲ့တာလဲ။"
"ကျဲ... မဲပေးတဲ့ ကိစ္စက ပြဿနာတော့ မတက်လောက်ပါဘူးနော် ဟုတ်တယ်မလား။" ယန်ရွေ့ချင်းက ခရီးဆောင်အိတ်ကို ဖွင့်ရင်း မေးလိုက်သည်။
ВЫ ЧИТАЕТЕ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Любовные романыNote: ပင့်ကျောင်းစီအီးအို = Yandere CEO
