(၂၃.၂) ငါ နောက်ဆုံးတော့ ဒီညမှာ အကုန်လုံး ဖွင့်ထုတ်နိုင်တော့မယ်!

6.9K 662 14
                                        

အပိုင်း (၂၃.၂) ငါ နောက်ဆုံးတော့ ဒီညမှာ အကုန်လုံး ဖွင့်ထုတ်နိုင်တော့မယ်!

Maybach အတွင်းသို့ ဝင်ထိုင်ပြီးနောက် ရှန်ယွိက ပျော်ရွှင်စွာ ပြောလိုက်သည်။ "ရွေ့ကော ကျွန်တော်တို့ အခု သွားလို့ရပြီ။"

ဖုန်းစစ်ရွေ့က ခေါင်းမော့လာပြီး မည်းမှောင်နေသည့် အမူအရာနှင့် သူ့ကို ကြည့်လိုက်၏။ "ဗွီဒီယိုကိစ္စ ဖြေရှင်းပြီးပြီလား။"


"အဲဒါ ဒီလောက် အရေးကြီးတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ ဖြေရှင်းဖို့ လိုအပ်လို့လား။"


ရှန်ယွိက နည်းနည်းလေးမှ ဂရုမစိုက်ပေ။ "လူထုအမြင်ရဲ့ ဖိအားကလွဲရင် ကျန်တာတွေက နည်းနည်းလေးတောင် ဂရုစိုက်စရာမလိုပါဘူး။"


"မင်းနဲ့ လင်လုဖေးကြားမှာ ဘာကိစ္စတွေရှိခဲ့တာလဲ။" ဖုန်းစစ်ရွေ့က ရုတ်တရက် အေးစက်စွာ မေးလိုက်သည်။


ရှန်ယွိက ထိတ်လန့်သွားပြီး ချက်ချင်း ပြန်ဖြေလိုက်၏။ "ဘာမှမရှိပါဘူး။"

-- 'တစ်ခုခုတကယ် ရှိနေရင်တောင် ခင်ဗျားကို ပြောပြစရာလား။'

-- 'ဒီခွေးကောင်က နေ့ခင်းအိပ်မက်မက်နေတာပဲ။'

<မပြောချင်ဘူးပေါ့လေ?


အဲဒါဆို နောင်တမရနဲ့!


ငါ့ကို စောင့်နေလိုက်!>


ဖုန်းစစ်ရွေ့က အံကြိတ်ကာ အော်ပြောလိုက်သည်။ "မောင်းတော့!"


ကားမောင်းသူက ထိုအော်သံကြောင့် လန့်ဖြန့်သွားသည်။ ထို့နောက် သူက ချက်ချင်းပင် ကားစက်နှိုးကာ လီဗာကို နင်း၍ ကားပါကင်မှ ထွက်ခွာလိုက်တော့သည်။


သူတို့ သွားမည့် နေရာသို့ မရောက်ခင် လမ်းတစ်ဝက်တွင် ဖုန်းစစ်ရွေ့က ဗွီဒီယိုအစည်းအဝေးကို ရပ်တန့်လိုက်သည်။ သူက အကြောင်းပြချက်မရှိ အတွင်းရေးမှူးအား ဒေါသလှိမ့်ထွက်နေခဲ့၏။ ဖုန်းချပြီးသည့်နောက် သူက ရှန်ယွိ၏ အတွေးများကို ကြားလိုက်ရသည်။

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Onde histórias criam vida. Descubra agora