Translator - wattbigfan4
Editor _ WinterLeaf_00
အပိုင်း (၄၁) အဲဒီလို အရှုပ်အထွေးဖြစ်စေမယ့် ဓာတ်ပုံတွေ ထွက်လာတာနဲ့ မင်းကို ဘယ်သူက ကယ်နိုင်ဦးမှာလဲ!
ဖုန်းစစ်ရွေ့က သူ့ကိုယ်သူ ပိုင်စိုးလိုစိတ်ကြီးသည့် စီအီးအိုတစ်ယောက်၏ ပြီးပြည့်စုံသော ပုံရိပ်ကို အမြဲတမ်း ပြသခဲ့သည်။ မည်သည့်အချိန်မှာပဲဖြစ်ဖြစ် သူ့ရဲ့ အမူအရာက တသမတ်တည်းဖြစ်ပြီး ပြောင်းလဲသွားတာမျိုး မရှိပေ။ ကမ္ဘာကြီးက အရာအားလုံးဟာ သူနဲ့ မသက်ဆိုင် သလိုမျိုး ရှိနေတတ်ပြီး သူ ဒေါသထွက်လာပြီ ဆိုလျှင်လည်း မည်သည့်ကိစ္စကိုမဆို မဖြစ်မနေ ပြီးအောင် လုပ်တတ်သည်။
အပျော်အပါးမမက်ဘဲ လွှမ်းမိုးချုပ်ကိုင်တတ်ကာ ပိုင်စိုးလိုစိတ်ကြီးသည့် စီအီးအိုက အတင်းအဖျင်း ပြောလိုသည့် စိတ်ရှိနေသည်ကို မြင်လိုက်သည့် မည်သူမဆို မယုံနိုင်စရာဟု တွေးမိကြလိမ့်မည်မလား။
ရှန်ယွိက ဖုန်းစစ်ရွေ့ကို သူ့မျက်လုံးထောင့်မှ စောင်းကြည့်လိုက်သည်။ သူ့ ပါးစပ်ကို ဖွင့်ကာ တစ်ခုခုပြောရန် ပြင်လိုက်သည်နှင့် ယန်ချီချီ၏ ဒေါသတကြီး ပြန်ပြောသံကို ကြားလိုက်ရသည်။ "အိုး, မစ္စတာဖုန်း ဒါကတော့ ဆွေးနွေးလို့ မကောင်းတဲ့ တချို့အရာတွေ ရှိတယ်လေ။"
"အကုန်လုံးက ဒါကို သူတို့ရဲ့ နှလုံးသားထဲမှာ သိနေမယ်ဆိုရင် ကောင်းတာပေါ့။"
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ဝေဖန်ခံရတာနဲ့ အသားကျနေပါပြီ။ မျက်လုံးတစ်ဖက်ပိတ်ပြီးတော့ တစ်ဖက်ပဲ ဖွင့်ထားလိုက်တယ်။ ဒါက အသက်ရှူချောင်စေတယ်လေ။"
[သူ့ရဲ့ စကားလုံးတွေမှာ အခြားအဓိပ္ပာယ်တွေရှိနေသေးတယ်လို့ ငါ ဘာလို့ ခံစားမိနေတာလဲ။ သူက ငါတို့ကို ပြဿနာရှာအောင် လှုံ့ဆော်နေတာ ဖြစ်နိုင်လား။]
[ယန်ချီချီက အကြည့်တစ်ချက်နဲ့တင် ကောင်းတဲ့သူ မဟုတ်ဘူးဆိုတာ ပြောနိုင်တယ်။ သခင်ရှန် ဘာပြောသွားလဲဆိုတာ မကြားလိုက်ဘူးလား။
တခြားသူရဲ့ အရင်းအမြစ်ကို လုယူပြီးတော့ ဟွားယွီကို အသစ်ဝင်လာတဲ့သူတွေကို နှိပ်စက်တယ်တဲ့လေ။]
ВЫ ЧИТАЕТЕ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Любовные романыNote: ပင့်ကျောင်းစီအီးအို = Yandere CEO
