အပိုင်း (၃၂.၂) မင်းက ငါ့ကိုတော့ ခွေးကောင်လို့ ခေါ်ပြီး သူ့ကိုကျ လောင်လင်လို့ ခေါ်တယ်လား?!
ရှင်းပြ၍မရနိုင်သည့် မနာလိုသဝန်တိုသည့် ခံစားချက်တစ်ခုက ဖုန်းစစ်ရွေ့၏ ရင်ထဲ၌ မြင့်တက်လာသည်။ သူက အနည်းငယ် မလွယ်ကူသလို ခံစားလိုက်ရသည်။ သို့သော် ရှန်ယွိက သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး ဖြူစင်ရိုးသားသည့် ဇဝေဇဝါအကြည့်တို့နှင့် ကြည့်နေခဲ့သည်။
"ကျွန်တော်က လင်လုဖေးနဲ့ ဘာကိစ္စရှိနေတာလဲတဲ့လား။"
"ကျွန်တော်တို့ကြားမှာ ဘာမှရှိမနေပါဘူး။"
ဖုန်းစစ်ရွေ့က တမင်သက်သက် စကားပြန်မပြောခဲ့ပေ။ သူက ခဏလောက်ရပ်ပြီး တစ်ဖက်လူ၏ အတွေးများကို နားထောင်ရန် စောင့်ဆိုင်းနေသော်လည်း တစ်ဖက်လူထံက မည်သည့်အတွေးကိုမှ မကြားရပေ။
'ထပ်ပြီးတော့လား?
ဘာအသံမှမရှိဘူးပေါ့?!
တကယ်ပဲ ဘာမှမဖြစ်ခဲ့လို့ သူ့ အသိစိတ်က ရှင်းလင်းနေတာလား?!'
ထိုသို့တွေးလိုက်ပြီးနောက် ဖုန်းစစ်ရွေ့က အနည်းငယ် တည်ငြိမ်သွားသည်။ "သန့်စင်ခန်းထဲက လူတွေက ဘယ်သူလဲ။"
ရှန်ယွိက ချက်ချင်း ပြန်မဖြေခဲ့ဘဲ ထို့အစား မေးခွန်းမေးလိုက်သည်။ "ဘာလို့ ကျွန်တော့်ကို TV စီးရီးကနေ ဖယ်ထုတ်လိုက်ရတာလဲ။"
"ရင်းရင်းနှီးနှီး နေရတဲ့ scene တွေ အရမ်းများလွန်းတယ်။" ဖုန်းစစ်ရွေ့က သူ့ဇနီး၏ အသက်မွေးဝမ်းကြောင်းကို ဝင်ရောက်စွက်ဖက်မိသည်အတွက် အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ထိုအဖြေကို ပြောလိုက်သည့်အချိန်၌ အပြစ်ရှိစိတ်ကို ဖုံးကွယ်ရန် တမင်သက်သက် မျက်လွှာချထားကာ စတိခ်ကို လှီးဖြတ်နေခဲ့သည်။
ထူထဲကာ အရည်ရွှမ်းသည့် စတိခ်ကို ကြည့်ရင်း ရှန်ယွိသည် ရုတ်တရက် ဗိုက်ဆာလာသလို ခံစားလိုက်ရ၏။ သူက အပိုင်းသေးသေးလေးများ လှီးဖြတ်ရန်ပင် မစောင့်နိုင်တော့ဘဲ ပါးစပ်ထဲ ထည့်လိုက်သည်။
ВЫ ЧИТАЕТЕ
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Любовные романыNote: ပင့်ကျောင်းစီအီးအို = Yandere CEO
