(၆၃)

2K 284 12
                                        

အပိုင်း (၆၃) ဒီလိုနေ့မျိုးတွေက ဘယ်တော့များမှ ပြီးဆုံးမှာလဲနော်

ရှန်ယွိ ရိုက်ကွင်းဆီသွားရန် ပြင်ဆင်နေချိန်၌ ဖုန်းစစ်ရွေ့လည်း ထွက်ခွာသွားတော့သည်။

ရိုက်ကွင်းသို့ ရောက်မှသာ ရှန်ယွိသက်ပြင်းချနိုင်တော့၏။

သူ၏ နောက်လိုက်ကလေး ဖြစ်လာပုံရသော ဖုန်းကျင်းဟယ်ကမူ ဖော်ရွေမှုကိုပြလာခဲ့သည်။ "ရှန်လောင်ရှီး ကျွန်တော်ကြားတာတော့ ဘိုးဘွားအမွေကို ခင်​ဗျား ဆက်ခံခဲ့တယ်ဆို။”

“သတင်းပျံ့တာ တကယ် မြန်တာပဲ။” ရှန်ယွိက သရော်လိုက်ပြီး လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဇာတ်ညွှန်းစာအုပ်ဖြင့် သူ့ကိုယ်သူယပ်ခတ်နေလိုက်သည်။

ထို့နောက် တစ်စုံတစ်ခုကို သူရုတ်တရက် သတိရသွားပြီး​ ခေါင်းကို စောင်းကာ မေးလိုက်၏။“ဟေး၊ အဲ့ဒါကို ပြန်ပေးလို့ရမယ့် နည်းလမ်း ရှိလား။”

ဖုန်းကျင်းဟယ်ကို ​ခေါင်းကိုအဆက်မပြတ် ခါယမ်းလိုက်သည်။ “မဖြစ်နိုင်ဘူး။”

ထို့နောက် သူက ရုတ်တရက် စကားလမ်းကြောင်းလွှဲတော့သည်။ “ရှန်လောင်ရှီး မလှုပ်နဲ့နော်။ ဆံပင်ဖြူ တစ်ချောင်း တွေ့တယ်။”

ရှန်ယွိ,“ဘယ်မှာလဲ။ ဘယ်မှာလဲ။ မြန်မြန်လေး နှုတ်ပေးစမ်း။”

“မင်းအစ်ကိုကြောင့် ဒေါသထွက်ရလွန်းလို့ ငါ့တစ်ခေါင်းလုံးဖြူသွားလိမ့်မယ်။”

ဖုန်းကျင်းဟယ်က ရှန်ယွိထံမှ ဆံပင်တစ်ချောင်းကို အားကုန်သုံး၍ နှုတ်လိုက်ပြီး သူ၏ အိတ်အတွင်းသို့မသိမသာထည့်လိုက်သည်။

လှုပ်ကုလားထိုင်ပေါ်တွင်ထိုင်နေသော ရှန်ယွိမှာမူ မနေ့ညက သူ၏ အထိန်းအကွပ်မဲ့သော အပြုအမူများအတွက် စိတ်ပူနေဆဲ ဖြစ်တာကြောင့် ထိုကိစ္စကို လုံးဝ သတိမထားမိခဲ့ပေ။

“ရှန်လောင်ရှီး ဒီနေ့ ကျွန်တော် ဇာတ်ကွက်တစ်ခုပဲ ရိုက်စရာရှိတယ်…” ထို့သို့ပြောပြီး ဖုန်းကျင်းဟယ်က ထရပ်လိုက်သည်။ “ကျွန်တော် အိမ်မပြန်ဖြစ်တာလည်း တော်တော်တောင် ကြာနေပြီ။ အဖိုးကလည်း ကျွန်တော်ကို ဆူနေတယ်။ အဲဒါကြောင့် ကျွန်တော် ပြန်သွားပြီး ကြည့်မှ ဖြစ်မယ်။”

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Where stories live. Discover now