(၁၁) ဒီခွေးကောင်က ဘာလို့ ဒီလောက် အဆိပ်ပြင်းတာလဲ။

7.5K 697 6
                                        

အပိုင်း (၁၁) ဒီခွေးကောင်က ဘာလို့ ဒီလောက် အဆိပ်ပြင်းတာလဲ။

ဤပင့်ကျောင်းစီအီးအို​က ရေချိုးခြင်းကို အချိန်တိုအတွင်း ပြီးစီးအောင်လုပ်နိုင်ခဲ့ကြောင်း ဝန်ခံရပေမည်။ သူက ရေချိုးဝတ်စုံကို ဝတ်ပြီး တဘက်တစ်ထည်ကို ယူကာ ထွက်လာသည့်အခါ ရှန်ယွိက RV ၏ ပြတင်းပေါက်အနီးတွင် မှီရင်း အပြင်ဘက်သို့ ကြည့်နေသည်အား မြင်လိုက်ရသည်။

-- 'Gervais ရဲ့ ရှစ်မြှောင်းရှိတဲ့ ကြွက်သားတွေကို နောက်ဆုံးမြင်ခဲ့ရတာ နှစ်တစ်ဝက်လောက်ပဲ ရှိသေးတယ်။ အခုဆို ပိုပြီးတောင် သိသိသာသာ ကျစ်လျစ်တောင့်တင်းလာသလိုပဲ။ *ကျစ်ကျစ်ကျစ်* အဲဒီ ချောမွတ်နေတဲ့ ကြွက်သားလိုင်းတွေကို ကြည့်ပါဦး။ သူ့ ဓာတ်ပုံတွေသာ တရုတ်မှာ ပြန့်သွားလို့ကတော့ သန်းချီတဲ့ ဖန်တွေတောင် ဆွဲဆောင်သွားနိုင်လိမ့်ဦးမယ်။'

-- 'Ryder ကလည်း သိပ်မဆိုးရှာဘူး။ သူ့ရဲ့ ရေသူမလိုင်းက အရမ်းကို ဆက်စီကျပြီး သူ့တင်ပါးကလည်း လုံးဝိုင်းနေတာပဲ။ တော်တော်ကို ကိုင်လို့ကောင်းမယ့်ပုံရှိတယ်။'

ဖုန်းစစ်ရွေ့ , "..." 'ငါတို့ အခုထိတောင် မကွာရှင်းရသေးတာကို ဒီလူက နောက်ထပ် ရွေးချယ်မယ့် လျာထားလူစာရင်းတွေ ရှာဖွေဖို့ မစောင့်နိုင်တော့ဘူးလား?!'

'ရှန်ယွိက ဒီလို လူမျိုးဖြစ်နေမယ်လို့ ငါ တကယ် ထင်မထားခဲ့ဘူး!'

သူက ဒေါသကို နှလုံးသားထဲ၌ ဖိနှိပ်ထားလိုက်ပြီး သူ့ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားသည့် ရေချိုးဝတ်စုံကို ချွတ်ပစ်လိုက်ကာ အတွင်းဝတ်ဘောင်းဘီ(ပေါင်လယ်ခန့်ရှိအတွင်းခံ)တစ်ထည်သာ ချန်ထားလိုက်သည်။ ထို့နောက် သူက လည်ချောင်းရှင်းလိုက်ပြီး ခပ်နိမ့်နိမ့်အသံနှင့် ပြောလိုက်၏။ "မင်း ဘာလုပ်နေတာလဲ။"

-- 'F*ck, လောင်ကျစ်ကို လန့်သေအောင်လုပ်နေတာပဲ!'

ရှန်ယွိက ထိတ်လန့်သွားဟန်ရောစွက်နေသည့် မျက်လုံးများနှင့် လှည့်ကြည့်လိုက်သည့်အခါ ရေစက်များ ကျန်နေသေးသည်လ တောင့်တင်းကျစ်လျစ်သော ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။ သူ၏ မျက်လုံးများက ထိတ်လန့်စွာဖြင့် ပြူးကျယ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ "ရွေ့.. ရွေ့... ရွေ့ကော... ရေချိုးလို့ပြီးသွားပြီလား။ ဘာလို့ ညအိပ်ဝတ်စုံ ဝတ်မထားတာလဲ။ အအေးမိသွားဦးမယ်။"

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Место, где живут истории. Откройте их для себя