(၂၄.၂) ဘယ်သူက ငါ ဖုန်းစစ်ရွေ့ရဲ့ ချစ်ရသူကို ထောင်ထဲ ပို့နိုင်တဲ့ စွမ်းရည်ရှိလဲ

6.6K 643 16
                                        

အပိုင်း (၂၄.၂) ဘယ်သူက ငါ ဖုန်းစစ်ရွေ့ရဲ့ ချစ်ရသူကို ထောင်ထဲ ပို့နိုင်တဲ့ စွမ်းရည်ရှိလဲ ကြည့်ရအောင်!

"မင်းက အမေ့ကို ဘယ်လိုလုပ် အဲဒီလိုလုပ်ရဲရတာလဲ။" ရှန်ချန်း၏ မျက်နှာထက်၌ ရက်စက်သော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သူက လက်သီးဆုပ်ကာ ရှန်ယွိအား ထိုးနှက်ရန် ပစ်သွင်းလိုက်၏။ "ငါ ဒီနေ့ မင်းကို သေအောင်ရိုက်ပြမယ်။"

သူက ညီငယ်လေး ဖြစ်နေလျှင်ပင် သူကသာ အမြဲတမ်း အလိုလိုက်ခံရကာ ကြွယ်ဝသော ပစ္စည်းဥစ္စာတို့ဖြင့် ထောက်ပံ့ပေးခံထားရသူ ဖြစ်သည်။ ထို့ကြောင့် သူက ဆယ့်သုံးဆယ့်လေးနှစ်အရွယ်ကတည်းက ထွားကြိုင်းလှစွာ ကြီးပြင်းလာပြီး ရှန်ယွိကို အပြတ်အသတ် ဖိနှိပ်ထားနိုင်သည်။ ထို့ပြင် သူက Gym သို့ သွားကာ ကြွက်သားများ လေ့ကျင့်ထားခဲ့သေးပေသည်။
 
ထို့ကြောင့် ကလေးဘဝကတည်းက ရှန်ချန်းက သူ့အနေနှင့် ပေါင်း၍ မူလကိုယ်ကို နှိပ်စက်ခဲ့သည်။

သူက နှုတ်ရေးဖြင့် တိုက်ခိုက်ခြင်း၌ အရေးမသာသည်မှာ သိသာနေသည့်အတွက် ရှန်ယွိ၏ နှာခေါင်းကို တည်၍ လက်သီးတစ်ချက် ပစ်သွင်းလိုက်ပေသည်။

မမျှော်လင့်စွာနှင့် သူက အနားသို့ ကပ်မသွားနိုင်ခင်မှာပင် သူ့ဗိုက်ကို ပြင်းထန်စွာ ကန်ခြင်း ခံလိုက်ရပေသည်။ သူက မြေပေါ်သို့ ဒူးထောက်ကျသွားကာ မထနိုင်တော့ပေ။

"ယို့! မင်းကို ရိုက်ချနိုင်ဖို့က ဒီလောက်လေးနဲ့ လုံလောက်ပြီလား။" ရှန်ယွိက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားရင်း ရှန်ချန်းထံသို့ လျှောက်သွားခဲ့သည်။ "ဘယ်လိုဟောင်ရမယ်ဆိုတာပဲ သိတဲ့ခွေးက မကိုက်တတ်ဘူးလို့ ပြောကြတာ ငါ ထင်တာတော့ အဲဒါက မှန်တဲ့ပုံပဲ။"

သူ့စကားမဆုံးခင် သူ၏ မျက်လုံးများက အေးစက်မှုတို့ဖြင့် လင်းလက်လာသည်။ သူက ခြေထောက်ကို မြှောက်ကာ မြေပြင်ပေါ်မှ ခန္ဓာကိုယ်ကို ထပ်၍ ကန်လိုက်သည်။

ကူးပြောင်းလာကတည်းက ရှန်ယွိသည် အနည်းငယ်မျှပင် ပျင်းရိမနေခဲ့သူ ဖြစ်သည်။ သူက ကျိုးကြေလွယ်ကာ အားနည်းလှသည့် ခန္ဓာကိုယ်ကို သံမဏိကဲ့သို့ မာကြောလာအောင် မွေ့ထိုင်း၊ နပန်း၊ ဆန်ဒါ နှင့် ကရာတေး အစရှိသည်တို့ကို တစ်ခုချင်း တစ်ခုချင်း ရွေးချယ်လေ့ကျင့်ခဲ့သည်။ သူက ဖုန်းစစ်ရွေ့နှင့် ကွာရှင်းပြီး သူ့စွမ်းရည်များကို ထုတ်ဖော်ပြသခွင့် ရလာနိုင်မည့် နေ့ကို စောင့်မျှော်နေခြင်း ဖြစ်သည်။
 
ရှန်ချန်းက အကန်ခံရပြီးနောက် သူ့ပါးစပ်ထောင့်မှ သွေးစတို့ ယိုစီးလာသည်။ သူ၏ မျက်လုံးများထဲတွင် သံသယအပြည့်ဖြစ်လာပြီး ရှန်ယွိကို အထိတ်တလန့် ကြည့်လိုက်သည်။ "မင်း.. မင်း ဒီကို မလာနဲ့!"

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Where stories live. Discover now