အပိုင်း (၆၇) အိပ်မက် မက်နေလိုက်လေ!
ထိုအဖြစ်အပျက် ဖြစ်ပွားသွားပြီးသည့်နောက် System သည် ရက်အတော်ကြာအောင် ပေါ်မလာခဲ့ပေ။
ဖုန်းမိသားစုဘက်က မင်္ဂလာပွဲ အသစ်ကျင်းပဖို့ကိုလည်း တက်တက်ကြွကြွပြင်ဆင်နေကြပြီဖြစ်၏။
ရိုက်ကူးရမည့် ရုပ်ရှင်ကားသစ်များမှာ ခပ်စိပ်စိပ် ဝင်လာနေသည်မို့ ရှန်ယွိ၏ ဘဝသည် ပြည့်စုံသော်လည်း အလုပ်ရှုပ်လို့ နေ၏။
ဆုပေး ပွဲအခမ်းအနားအတွင်း ရပ်နေစဉ်မှာတောင် အိပ်မက်တစ်ခုဟု ရှန်ယွိထင်နေမိသည်။
“ဒီနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်သရုပ်ဆောင်ဆုရသူကို ဆုလက်ခံရယူဖို့ စင်မြင့်ထက်သို့ဖိတ်ခေါ်လိုက်ပါတယ်။”
ဆုပေးပွဲအခမ်းအနားရှိ အစီအစဉ်တင်ဆက်သူ၏ အသံက သူ့ နားဝသို့ ထိခတ်လာသည့်အခါ ရှန်ယွိသည် ခဏကြာအောင် အာရုံကို စုစည်းလိုက်ပြီး စိတ်ခံစားချက်တို့ကို ပြန်ရလာခဲ့သည်။
သူက ဆုယူရန် စင်မြင့်ထက်သို့ တက်သွားခဲ့၏။
ရုပ်တုကို ကိုင်ထားရင်း မိုက်၏ရှေ့တွင်ရပ်ကာ အသက်ကိုပြင်းပြင်းရှူပြီး သူပြောလိုက်သည်။“မိန့်ခွန်းပြောရမှာ၊ ဟုတ်ပါတယ်နော်။”
“အမှန်အတိုင်းပြောရရင် ဒါက ကျွန်တော့်အတွက်တော့ တော်တော်လေး ရုတ်တရက် ဆန်လွန်းတယ်။”
“မကြာခင်သေးခင်ကမှ ကျွန်တော်က အဆူအဆဲခံနေခဲ့ရတာလေ။ ကျွန်တော့်ရဲ့ ဝေးပေါ်မှာဆိုရင်လည်း အမေနဲ့ကိုင်တုတ်ပြီးပို့ထားတဲ့ မက်ဆေ့ချ်တွေမှအများကြီးပဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ လူတိုင်းက 'သခင်ရှန်' ဆိုပြီး ပြောနေကြပြန်ရော…”
ရှန်ယွိ စကားပြောသည်ကို ခဏရပ်လိုက်သောအခါ ပရိတ်သတ်အတွင်းမှ ရယ်သံများထွက်ပေါ်လာ၏။
ကင်မရာက ဖုန်းစစ်ရွေ့ကို ဦးတည်ကာ ရိုက်ကူးနေသည်။ ထို့နောက် သူ၏ ဘေးရှိ ဧည့်သည်တင်ဆက်သူက စနောက်ကာ ပြောလိုက်သည်။ "ဒါဆို သခင်ရှန်၊ ခင်ဗျားရဲ့ လက်ရှိဂုဏ်ပုဒ်နဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုသဘောထားမျိုးရှိလဲ။”
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
