(၂၈.၁) မင်း လုပ်နိုင်တဲ့ အယဥ်ကျေးဆုံးအရာက ငါ့အနားကနေ ဝေးဝေးနေဖို့ပဲ။

2.1K 298 12
                                    

အပိုင်း (၂၈.၁) မင်း လုပ်နိုင်တဲ့ အယဥ်ကျေးဆုံးအရာက ငါ့အနားကနေ ဝေးဝေးနေဖို့ပဲ။


ယခင်က လင်လုဖေး၏ မျက်မြင်သက်သေခံပေးမှုကြောင့် ဝေးပေါ်၌ စစ်မီးပွားလေးများ လွင့်ပျံ​နေခဲ့သည်။ ယခု ထိုကိစ္စ၌ အတွင်းကျကျ ပါဝင်ပတ်သတ်နေသော ဝမ်ရှင်းအာက အစပြုကာ သတင်းထောက်များကို ရှာဖွေခဲ့ပြီး သူမ အိမ်ထောင်ကျကတည်းက တွေ့ကြုံခဲ့သည်အကြောင်း ငိုကြွေးပြောပြကာ ပြင်းထန်သည့် ဒဏ်ရာဒဏ်ချက်များကြောင့် ဆေးရုံတက်ကုသရစဥ်က ဆေးမှတ်တမ်းများနှင့်တကွ ထုတ်ဖော်ခဲ့၍ မုန့်ချီရှန်က အိမ်တွင်းအကြမ်းဖက်သူ ဖြစ်ကြောင်း အခိုင်အမာ အတည်ပြုပေးခဲ့သည်။ ဝေးပေါ် တွင် သူ့ကို ဆူပူပြောဆိုနေမှုများစွာ ရှိပေသည်။


မူလအစတွင် သူတို့က ရှန်ယွိကို အင်တာတိန်းမန့်နယ်ပယ်တွင် နေရန် ထိုက်တန်ခြင်းမရှိသည့် အကြမ်းဖက်တတ်သူ အမှိုက်ကောင်ဟု ဆဲရေးခဲ့ကြသည်။ ထိုသတင်းထွက်လာသည်နှင့် ရုတ်တရက် သူ့ကို အပြစ်တင်ရှုတ်ချနေကြသည့် Black Fan များ ပျောက်ကွယ်သွားလေသည်။


ထို့ပြင် ဝမ်ရှင်းအာက သူမ အလွန်ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံထားရသော ဓာတ်ပုံများကိုလည်း တင်လိုက်သေးသည်။ အရိုက်ခံထားရသဖြင့် သူမ မျက်လုံးများက ပွင့်ဟမလာနိုင်လောက်အောင် ဖူးယောင်နေကာ လည်ပင်းတွင်လည်း အညှစ်ခံထားရသလို အညိုမည်းများရှိနေခဲ့ပြီး ၎င်းက အသက်ရှူရန်ပင် အလွန် ခက်ခဲနေစေခဲ့သည်။ ထို့အပြင် သူမ ခန္ဓာကိုယ်၌  ဒဏ်ရာဒဏ်ချက်များစွာနှင့် နံရိုးကလည်း ကျိုးနေခဲ့သေးပေသည်။


ထိုကိစ္စက အလွန် ထိတ်လန့်တုန့လှုပ်ဖွယ် ဖြစ်သည်။ အသိစိတ်ရှိသည့် လူတိုင်း ဤကဲ့သို့ နှိပ်စက်ညှင်းပန်းသည့် ကိစ္စရပ်ကို သည်းခံနေရန် မ​ဖြစ်နိုင်ကြပေ။ ထို့ကြောင့် ပြည်သူလူထု၏ အမြင်က တစ်ဖက်သို့ ပို၍ အလေးသာလာခဲ့သည်။


[ရှန်ယွိက ဒီလိုမျိုး တရားမျှတမှုကို လိုလားတဲ့သူမျိုး ဖြစ်နေမယ်လို့ ထင်မထားမိဘူး။ သူက သတင်းဆိုးတွေထွက်လာတာတောင် သူကိုယ်တိုင်အတွက် ထွက်ပြီး မဖြေရှင်းဘဲနေနေခဲ့တာ။ ဘယ်လိုလူမျိုးလဲ အာ!]

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Donde viven las historias. Descúbrelo ahora