(၃၇.၁) ခွေးကောင်က ဘာလို့ ငါနဲ့အတူ စားဖို့ တင်းခံနေတာလဲ။

5.9K 489 9
                                        

အပိုင်း (၃၇.၁) ခွေးကောင်က ဘာလို့ ငါနဲ့အတူ စားဖို့ တင်းခံနေတာလဲ။

အစည်းအဝေး၌ ရှိနေသည့် ဖုန်းစစ်ရွေ့က ဝန်ထမ်းတစ်ယောက် ပြုလုပ်နေသည့် တင်ပြချက်ကို တင်းမာသည့် မျက်နှာနှင့် ကြည့်နေခဲ့သည်။ သို့သော် သူက အနည်းငယ် စိတ်လွတ်နေခဲ့၏။


သူသည် မနေ့ညက အလွန် စိတ်လှုပ်ရှားနေသောကြောင့် ဖုန်းကျင်းဟယ်က ဘာကြောင့် ဟိုတယ်၌ ရှိနေရကြောင်း မေးရန် မေ့လျော့သွားခဲ့သည်။

'သူလည်း 'ကျောက်စိမ်းဓားရဲ့လမ်းစဥ်' မှာ ပါဝင်ရိုက်ကူးဖို့ ရောက်နေတာ ဖြစ်နိုင်လား။'

သူသည် သူ့အဖိုးထံမှနေ၍ ဖုန်းကျင်းဟယ်က အနုပညာလောကထဲ ဝင်ရန် ပြင်ဆင်နေသည်ဟု ကြားခဲ့ရသည်။ သူရဲ့ ပထမဆုံး ရိုက်ကူးရေးမှာတင် ရှန်ယွိ၏ တွဲဖက် ဖြစ်လာသည်က မတော်တဆ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပေ။

'မဟုတ်ရင် သူက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား?!


သူက ငါ့ကို ဆန့်ကျင်တိုက်ခိုက်ချင်တာကြောင့်လား?!'

ထိုသို့ တွေးလိုက်ပြီးနောက် ဖုန်းစစ်ရွေ့၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားသည်။ သူ့မျက်လုံးထဲတွင် အေးစက်သည့် အလင်းတစ်ချက် လင်းလက်သွားပြီး အေးစက်စက် လေတို့ ဝန်းရံလာကာ သူ့အနီးဝန်းကျင်၌ လေထုအပူချိန်က ရုတ်တရက် နိမ့်ဆင်းသွားခဲ့သည်။


အစည်းအဝေးခန်းထဲမှ လူတိုင်းက အံ့အားသင့်သွားခဲ့ပြီး အထူးသဖြင့် ကြီးမားသော စခရင်ကြီး၏ ရှေ့၌ ရှိနေသော သူများ ဖြစ်သည်။


အချက်အလက်များကို တင်ပြနေသည့် ဝန်ထမ်းက တုန်ယင်သွားကာ သတိထား၍ မေးလိုက်သည်။ "မစ္စတာဖုန်း ကျွန်တော် သေချာအသေးစိတ် မရှင်းပြထားတဲ့ တစ်ခုခုများ ရှိလို့လား။"


"ဆက်ပြောပါ။" ဖုန်းစစ်ရွေ့က နှုတ်ခမ်းတို့ကို ဖွင့်ဟကာ ပြောလိုက်ပြီးနောက် ခေတ္တရပ်တန့်ကာ ပြောလိုက်သည်။ "အရှိန်မြှင့်လိုက်။"

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Where stories live. Discover now