(၂၉.၂) ခွေးကောင်ကို ငါ့ခြေထောက်အောက်မှာ နင်းခြေပစ်ရမယ်!

2K 288 37
                                    

အပိုင်း (၂၉.၂) ခွေးကောင်ကို ငါ့ခြေထောက်အောက်မှာ နင်းခြေပစ်ရမယ်!

'ကျောက်စိမ်းဓား၏ လမ်းစဥ်" ကို ရိုက်ကူးမည့် ဒါရိုက်တာက အတော်လေး ကျော်ကြားသည့် အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမ၏ ရုပ်ရှင်များအတွင်း သရုပ်ဆောင် နေရာတစ်နေရာ ရရှိရန်မှာ မလွယ်ကူလှဘဲ သူမ၏ ရိုက်ကူးထုတ်လုပ်မှုအားလုံးက ဂန္တဝင်လက်ရာများပင် ဖြစ်သည်။


သူမက ရုပ်ရှင်ရိုက်ကူးလုပ်ငန်း၌ ကျင်လည်နေသည့်သူ ဖြစ်သော်လည်း မထင်မှတ်ထားစွာနှင့် ဝတ္ထုမှ ပြန်လည်ရိုက်ကူးမည့် အွန်လိုင်းဒရာမာတစ်ခုကို ရိုက်ကူးရန် ဆုံးဖြတ်ခဲ့သည်။


"ဟယ်လို ဒါရိုက်တာဝမ်...." ချင်းယွီဟန့်က အံ့အားသင့်​နေမှုအား ဖုံးကွယ်၍ သူမ လက်ကို စိတ်အားထက်သန်စွာ ဆန့်ထုတ်လိုက်သည်။ "ကျွန်မတို့ နောက်တော့ မကျဘူးမလား။"

ထို့နောက် သူမက ရှန်ယွိအား မျက်စပစ်ကာ နောက်ပိုင်း၌ ကောင်းကောင်းမွန်မွန် ပြုမူရန် အချက်ပြလိုက်သည်။


"နောက်မကျပါဘူး။ အချိန်မှန်ပါပဲ။" ဝမ်မုန့်က လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူမ၏ မျက်လုံးများက ရှန်ယွိ မျက်နှာထက်ကျရောက်သွားကာ သူမ နှုတ်ခမ်းစွန်းများက မသိမသာ ကွေးညွှတ်သွားသည်။ သူမကို ကြည့်ရသည်မှာ သူ့သွင်ပြင်အား စိတ်ကျေနပ်သွားပုံရလေသည်။


"ကျေးဇူးပြုပြီး ထိုင်ပါ။"


ရှန်ယွိက ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒါရိုက်တာဝမ်။"


"အရင်တုန်းက costume ဒရာမာ*တွေ ရိုက်ဖူးလား။" ဝမ်မုန့်က သိချင်စိတ်ဖြင့် မေးလိုက်သည်။  သူမသည် ရှန်ယွိ၏ အချက်အလက်များကို စစ်ဆေးကြည့်ခဲ့ပြီးဖြစ်ပြီး သူ့ရုပ်ရည်သွင်ပြင်နှင့် ပတ်သတ်၍ အမှန်တကယ် စိတ်ကျေနပ်လှပေသည်။
(*costume drama = နန်းတွင်းကား၊ သိုင်းကားတွေလို ရှေးခေတ်ဝတ်စုံတွေနဲ့ ရိုက်ရတဲ့ ဒရာမာ)


ရင်းနှီးမြှုပ်နှံသူက ရှန်ယွိအား နေရာရရန် အကောင်းဆုံး ကြိုးစားလျှင်ပင် သူမက သူ့ကို အရင် စစ်ဆေးရဦးမည် ဖြစ်သည်။ သူမက မသင့်တော်သည့်လူကို ရွေးချယ်လိမ့်မည် မဟုတ်ပေ။

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Место, где живут истории. Откройте их для себя