Translator _ wattbigfan4
အပိုင်း (၄၃) ခွေးကောင် မင်း ဒီထက်ပိုပြီး မသိသာနိုင်တော့ဘူးလား?
နားချိန်အတွင်းတွင် တည်းခိုခန်း၏ စတိုခန်းထဲမှ ထွက်လာသော တီးတိုးပြောသံအချို့ကို ကြားလိုက်ရသည်။
"ပုံက မဆိုးပါဘူး။ ဒါပေမယ့် အခြေအနေကို တိတိကျကျ ပိုဆိုးလာအောင် လုပ်ဖို့တော့ ခက်နေတယ်။ နောက်ထပ် တစ်ခုခု မရှိတော့ဘူးလား။"
"ရဖို့က မလွယ်ဘူး။ လောလောဆယ်တော့ ဒီတစ်ခုပဲ ရနိုင်တယ်။ ရှန်ယွိ မလွတ်မြောက်နိုင်မယ့် အခြေအနေမျိုးထဲ ကျသွားရင်တော့ ငါတို့ နောက်ထပ် ရနိုင်တယ်။"
"လက်ရှိ ရှန်ယွိက အရင်တုန်းကနဲ့ မတူဘူး။"
"ဘာများ ကွဲပြားသွားလို့လဲ။ ငါ မြင်သလောက်တော့ သူက အခုထိ သူ့ ပါးစပ်ကနေ စကားကောင်းကောင်းကို ထွက်မလာနိုင်ဘူး။ ဘယ်လောက်တောင် ရူးမိုက်လိုက်သလဲ။"
"မဟုတ်ဘူး။ အပြင်ပန်းမှာ သူက အတူတူပဲလို့ ထင်ရပေမယ့် တကယ့် တကယ်မှာတော့ အတွင်းပိုင်းထဲမှာ တစ်ခုခု ပြောင်းလဲသွားတယ်။ နောက်ထပ် အခွင့်အရေးကို ရှာရအောင်။"
ထိုစကားများကို ကြားလိုက်ရသည့်အခါ ကော်ရစ်ဒါမှာ ရှိနေသည့် လူက နှုတ်ခမ်းထောင့်ကို တွန့်ကွေးကာ ရယ်လိုက်ပြီး စတိုခန်း အဝေးသို့ ထွက်သွားခဲ့သည်။
ဧည့်ခန်းသို့ သူရောက်လာသည်နှင့် ကင်မရာက သူ့ဘက်သို့ တည့်တည့်မတ်မတ် လှည့်လာကာ ရိုက်ကူးလိုက်သည်။ "ရှန်လောင်ရှီး ဘယ်အချိန်ပြီးမှာလဲ။ ကျွန်တော် ဗိုက်ဆာနေပြီ။"
"ငါ မီးဖိုချောင်ကို တစ်ချက်သွားကြည့်လိုက်ဦးမယ်။" ရှန်ယွိက အပြုံးတစ်ချက်ပေးပြီး ဖွင့်ထားသည့် မီးဖိုချောင်ဆီသို့ တည့်တည့် လမ်းလျှောက်သွားလိုက်ကာ လူအိုစုံတွဲနှင့် စပိန်ဘာသာစကား ဖြင့် အပြန်အလှန် ပြောဆိုလိုက်သည်။
သူ၏ ညစ်ညမ်းဓာတ်ပုံ အတင်းအဖျင်းကြောင့် သူ့ကို ထုတ်လွှင့်နေသည့် တိုက်ရိုက်ထုတ်လွှင့်အခန်း၏ barrage က ခေတ္တ အပိတ်ခံထားရသည်။
ESTÁS LEYENDO
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
