အပိုင်း (၃၅.၁) မင်းကို မုန်းဖို့အတွက် အကြောင်းပြချက် လိုနေသေးလို့လား။
ဖုန်းကျင်းဟယ်က အသံကို ကြားသည့်အခါ ထိတ်လန့်သွားသည်။ ထို့နောက် အစောပိုင်းက တွေ့လိုက်ရသော ဖုန်းစခရင်၌ မှတ်ထားသည့် နာမည်ကို သတိရလိုက်သည်။ သူက မနေနိုင်ဘဲ ရယ်ချင်နေသည့် အသံနှင့် မေးလိုက်၏။ "အစ်ကို ဘာလို့ ဒီလောက် နောက်ကျနေမှ ဖုန်းခေါ်တာလဲ။"
"အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ။" ဖုန်းစစ်ရွေ့က ယဥ်ကျေးမနေပေ။ "ရှန်ယွိ ဘယ်မှာလဲ။"
"သူ သန့်စင်ခန်းသွားတယ်။ ခဏနေရင် ထွက်လာလိမ့်မယ်။" ဖုန်းကျင်းဟယ်က အပြုံးနှင့် ပြောလိုက်သည်။ "အစ်ကို စိတ်မပူပါနဲ့။ မရီးက အရက်ကောင်းကောင်း သောက်နိုင်ပါတယ်။"
‘အရက် ကောင်းကောင်း သောက်နိုင်တယ်လား။
ဘာလို့ ဒီစကားက အရမ်း ရန်လာဆွနေသလို ထင်နေရတာလဲ။’
"ဟိုတယ်နေရာကို ပြော။" ဖုန်းစစ်ရွေ့က အိပ်ရာမှ ထလိုက်ပြီး အပြင်ဘက်သို့ လျှောက်ထွက်လာရင်း ပြောလိုက်သည်။
‘ရှန်ယွိ အရင်တုန်းက ဘာသဘောတူထားခဲ့လဲ။
ရင်းနှီးတဲ့ ရိုက်ကွက်တွေ မပါဘူးလို့ သူ မပြောခဲ့ဘူးလား။
အခု သူက ရိုက်ကွင်းကို ရောက်ရုံပဲ ရှိသေးတယ်။ ခါးကို ပြရတာနဲ့။ အရက်သောက်ရတာနဲ့။ ဖုန်းကျင်းဟယ်နဲ့တောင် အီစီကလီရိုက်နေသေးတယ်။
ရင်းရင်းနှီးနှီး နေရတဲ့ ရိုက်ကွက်မျိုး မပါဘူးဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။’
သူ့လုပ်ရပ်များက ၎င်းနှင့် ဘာမှမဆိုင်နေသော်လည်း ဖုန်းစစ်ရွေ့က အတွေးနက်နေဆဲ ဖြစ်သည်။
"ကော ဒီကို မလာတာ ပိုကောင်းလိမ့်မယ်..." ဖုန်းကျင်းဟယ်က အခန်းနံရံကို မှီလိုက်ပြီး ရေချိုးခန်းဘက်သို့ အကြည့်ရွှေ့လိုက်သည်။ သူက လက်ဖက်စိမ်းတစ်ကောင်ကဲ့သို့ ထေ့ငေါ့လှောင်ပြောင်နေသော အသံမျိုးနှင့် ပြောလိုက်၏။ "တကယ်လို့ အစ်ကို သူ ရိုက်ကူးရေးအဖွဲ့ကို စဝင်တဲ့နေ့မှာပဲ လိုက်လာဖို့ ကြိုးစားနေတာကို မရီးသိသွားရင် သူ ဘယ်လိုတွေးမလဲ။"
BẠN ĐANG ĐỌC
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
Lãng mạnNote: ပင့်ကျောင်းစီအီးအို = Yandere CEO
