(၃၄.၂) ငါတော့ ဒီတိတိလေးတွေ ဘယ်လောက်ဆွဲဆောင်မှုရှိလဲဆိုတာ သဘောကျတယ်။ မင်းတို့ရော

6.2K 560 23
                                        

အပိုင်း (၃၄.၂) ငါတော့ ဒီတိတိလေးတွေ ဘယ်လောက်ဆွဲဆောင်မှုရှိလဲဆိုတာ သဘောကျတယ်။ မင်းတို့ရော ဘယ်လိုလဲ?

"ကျင်းဟယ် မင်း ရောက်လာပြီလား။" ဒါရိုက်တာဝမ်က ထရပ်လိုက်ပြီး မျက်လုံးဖမ်းစားနိုင်သော လတ်ဆတ်သည့် အသားလေးကို မြင်သည့်အခါ ပြုံးလိုက်သည်။ "ငါ့ဘေးမှာ လာထိုင်..."

"မင်းတို့တွေနဲ့ မိတ်ဆက်ပေးရဦးမယ်။ သူက ဖုန်းကျင်းဟယ်။ အားလုံးနဲ့ အတူတူပဲ သူလည်း အသစ်လေးတစ်ယောက်ပဲ။"

"ပြီးတော့ သူ့မှာ အံ့သြဖွယ်ကောင်းလောက်တဲ့ အသွင်အပြင်ရှိတယ်လေ။"

ရှန်ယွိက ရေအေးဖြင့် လောင်းချခံလိုက်ရသလို သူ့ခေါင်းထက်တွင် မီးခိုးတလူလူ ထွက်လာသလို ထင်မှတ်လိုက်ရသည်။ "ဒါရိုက်တာဝမ် ကျွန်တော်တို့ ရိုက်မှာ ​ဘာဒရာမာအမျိုးအစားလဲ။"

"ကျွန်တော်တို့ ရေအတူတူချိုးဖို့ရော လိုသေးတာလား။"

ဒါရိုက်တာဝမ်က ခေါင်းလှည့်ကာ ပြုံးလိုက်သည်။ "ဇာတ်ကြောင်းအရ လိုတယ်။ ပရိတ်သတ်တွေကလည်း လိုတယ်....."

သူမအတွက်လည်း လိုတယ်လို့ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။

"မင်းတို့ အချင်းချင်း ရင်းနှီးကြတယ်မလား။ ငါ အများကြီး မိတ်ဆက်ပေးဖို့ မလိုလောက်တော့ပါဘူး။" အဆုံးမှာတော့ ဖုန်းစစ်ရွေ့က ရှန်ယွိ၏ ခင်ပွန်းဖြစ်ပြီး အင်တာနက်ပေါ်မှ လူတိုင်း ထိုအကြောင်းကို သိရှိကြပေသည်။

"ဒါရိုက်တာဝမ် သူက ခင်ဗျား ပြောတဲ့ နောက်ထပ် အမျိုးသားဇာတ်လိုက် ဆိုတာလား။" ရှန်ယွိ၏ လက်က တုန်တုန်ယင်ယင်နှင့် မြင့်တက်လာကာ ချဲ့ကားလွန်းသော အမူအရာနှင့် လက်ညှိုးထိုးရင်း ​ပြောလိုက်သည်။ "ကျွန်တော် သိသလောက်တော့ သူ အရင်က လုံးဝ သရုပ်မဆောင်ဖူးဘူးလေ။"

ဒါရိုက်တာဝမ်၏ နှုတ်ခမ်းများက မသိမသာ ကွေးညွှတ်သွားသည်။ "မင်းတို့ အားလုံးလည်း အရင်တုန်းက သရုပ်မဆောင်ဖူးလုနီးပါးပါပဲ။"

"အဲဒီတော့ ဘာဖြစ်လဲ။"

"ဘယ်သူက အသစ်ကလေးအနေနဲ့ မစခဲ့လို့လဲ။"

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Où les histoires vivent. Découvrez maintenant