(၂၄.၁) ဘယ်သူက ငါ ဖုန်းစစ်ရွေ့ရဲ့ ချစ်ရသူကို ထောင်ထဲ ပို့နိုင်တဲ့ စွမ်းရည်ရှိလဲ

2.1K 296 8
                                    

အပိုင်း (၂၄.၁) ဘယ်သူက ငါ ဖုန်းစစ်ရွေ့ရဲ့ ချစ်ရသူကို ထောင်ထဲ ပို့နိုင်တဲ့ စွမ်းရည်ရှိလဲ ကြည့်ရအောင်!

"ရှန်ယွိ မင်း ဘာလို့ ဒီလောက် အသိဉာဏ်မဲ့ရတာလဲ။ တစ်ယောက်ယောက်ကို လက်ဖက်ရည်တွေနဲ့ တကယ် ပက်ပစ်ရဲတယ်ပေါ့လေ။"

သက်လတ်ပိုင်းအမျိုးသမီးက ဒေါသအပြည့်နှင့် သူမ၏ အသံကို အခြားလူများ မကြားမည်အား စိုးရိမ်နေသည့်အလား ကျယ်လောင်လှသည်။ "တောင်းပန်လိုက်စမ်း....!"


"မင်း အခုချက်ချင်း အန်တီမေကို တောင်းပန်လိုက်!"


ရှန်ယွိက သူ၏ 'ကောင်းမွန်လှသော မိထွေး' ကို မထီမဲ့မြင်အကြည့်နှင့် ကြည့်လိုက်သည်။ "မလုပ်ချင်ဘူးဆိုရင်ရော ခင်ဗျား ဘာလုပ်မှာလဲ။"


"မင်း ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့လေ။" လီဖုန်းဟွာက သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ သူမ နိုင်ငံခြားမှ ဝယ်ယူလာခဲ့သည့် စျေးကြီးလှသော လည်သာအိတ်ကို ဆိုဖာပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် သူမက သူ့ထံသို့ တဟုန်ထိုး ပြေးသွားကာ လက်ကို မြှောက်၍ ရိုက်ရန် ကြိုးပမ်းလာသည်။


သူမသည် သူမ၏ အကျင့်ဖြစ်နေသော ထိုရိုက်နှက်သည့် အပြုအမူအား တားဆီးခံလိုက်ရမည်ဟု ထင်မှတ်မထားခဲ့ပေ။ သူမ မတုန့်ပြန်နိုင်ခင် ပြင်းထန်လှသည့် လေတစ်သုတ်က သူမ နားထဲ တိုးဝင်လာပြီး တစ်ချိန်တည်းတွင် ပြင်းထန်လှသည့် နာကျင်မှုက သူမ ပါးတစ်ဖက်တွင် ဖြစ်ပေါ်လာပေသည်။


"မင်း... မင်း... မင်း.. ငါ့ကို ရိုက်တယ်လား။" လီဖုန်းဟွာက သူမ၏ သွေးဆုတ် ဖြူဖျော့သွားပြီးနောက် ချက်ချင်း နီရဲတက်လာသည့် မျက်နှာကို အုပ်ကိုင်ထားရင်း ခေါင်းကို ချာခနဲလှည့်လာကာ သူမ၏ လင်ပါသား ရှန်ယွိအား အခုမှ တွေ့ဖူးသည့်သူကဲ့သို့ မယုံကြည်နိုင်သလို ကြည့်လိုက်သည်။

"အို့ တောင်းပန်ပါတယ်ဗျာ။ အခြေအနေ ငြိမ်သွားအောင် လုပ်လိုက်တာပါ။" ရှန်ယွိက ငေါ့တော့တော့ပြောရင်း ထိုအမျိုးသမီး၏ လက်ကောက်ဝတ်ကို ဆွဲကာ အားနှင့် နောက်သို့ ဆောင့်တွန်းလိုက်သည်။ သူ၏ အေးစက်နေသော မျက်လုံးများ၌ ထက်ရှမှုတို့ ရှိနေခဲ့၏။

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Donde viven las historias. Descúbrelo ahora