အပိုင်း( ၆၈) ပြန်ပေးဆပ်စေရမယ်
လီဖုန်းဟွာ၏ အသားအရောင်မှာ ပြောင်းလဲသွားပြီး သူ(မ)၏မျက်နှာထက်ရှိ အပြုံးသည်လည်း အေးခဲသွားသည်။“ရှောင်ယွိ၊ မင်းဘာပြောချင်တာလဲ။”
ရှန်ယွိက အိတ်ကပ်ထဲ လက်ထည့်ပြီး မေးကိုပင့်၍ ပြောလိုက်၏။“ခင်ဗျားစားထားတဲ့ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်အန်မထုတ်သင့်ဘူးလား။”
“ဘယ်…ဘယ်တုန်းကများ အဲဒါတွေက မင်းအပိုင် ဖြစ်သွားတာလဲ။” ရှန်ချန်က အထစ်ထစ်အငေါ့ငေါ့ ပြောလာလေသည်။
“ခင်ဗျားတို့နှစ်ယောက်နဲ့ ပေါက်ကရပြောဖို့ ကျွန်တော်အရမ်းပျင်းနေတယ်ဗျာ။”
ရှန်ယွိက မျက်လုံးကိုလှိမ့်လိုက်ပြီး ဗီလာဆီသို့ ဦးတည်၍ သွားလိုက်သည်။ သို့သော်လည်း သူ၏ နောက်မှ ဖုန်းစစ်ရွေ့က တားမြစ်လာ၏။ “ဘာလို့ ပြတ်ပြတ်သားသားမလုပ်တာလဲ။”
သူ၏ နက်ရှိုင်းကာ ဆွဲငင်အားကောင်းသော အသံက မကျယ်ပေ။ သို့သော် သားအမိနှစ်ယောက်၏ နားထဲတွင်တော့ ထိုစကားသံက ဗုံးတစ်လုံးအလား ‘ဘန်း’ခနဲ ပေါက်ကွဲထွက်သွားလေသည်။
“ရှန်မိသားစု(ရှန်ယွိကိုမွေးစားထားတဲ့ရှန်မိသားစု)ရဲ့ ပစ္စည်းဥစ္စာတွေက ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်တယ်။ မကြာခင်မှာပဲ စာရွက်စာတမ်းတွေကို အတည်ပြုပေးလိမ့်မယ်လို့ ခန့်မှန်းထားတယ်…”
ဖုန်းစစ်ရွေ့က ပုရွတ်ဆိတ်နှစ်ကောင်ကို ကြည့်သည့်အလား စောင်း၍ကြည့်လိုက်သည်။“ဘဏ္ဍာငွေတွေကိုလည်း စိစစ်ရမယ်။ ကုမ္ပဏီရဲ့ ရန်ပုံငွေတွေကို ခွင့်ပြုချက်မရှိဘဲ အလွဲသုံးစားလုပ်ထားတွေရှိတယ်…”
အရာအားလုံးက ပြတ်ပြတ်သားသားဖြစ်လာသည်မို့ လီဖုန်းဟွာ၏မျက်နှာမှာ တဖြည်းဖြည်း ဖြူဖျော့လာတော့သည်။“ ဖုန်းလူကြီးမင်း၊ မနောက်ပါနဲ့ရှင်။ ဘယ်လိုလုပ်ပြီး ကျွန်မတို့ ကုမ္ပဏီက…”
အဓိပ္ပါယ်ကို နားလည်သွားသော ရှန်ယွိက ရယ်မောကာပြော၏။“ ထောင်ထဲက အစားအသောက်တွေက သိပ်မဆိုးဘူးလို့ ကျွန်တော်ကြားဖူးတယ်။”
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
