(၃၃.၂) ရှန်ယွိရဲ့ စိတ်ထဲက အသံကို မကြားရတော့ တစ်ခုခုလိုနေသလို ခံစားရတယ်!

1.5K 207 17
                                    

အပိုင်း (၃၃.၂) ရှန်ယွိရဲ့ စိတ်ထဲက အသံကို မကြားရတော့ တစ်ခုခုလိုနေသလို ခံစားရတယ်!

"ဘေဘီ...." မစ္စတာယွီက ခခယယ မျက်နှာနှင့် လှည့်ကြည့်လိုက်သည်။ "ဒီတစ်ကြိမ်တော့ မင်းအပေါ် အမှားလုပ်ရတော့မှာပဲ စိုးမိတယ်။"

ယန်ချီချီက သူ့မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ "ခင်ဗျား လုပ်နိုင်တာ ဒါ အကုန်ပဲလား။ ​ခြိမ်းခြောက်မှုလေး နည်းနည်းကြောင့် ကျွန်တော့် အခွင့်အရေးကို တခြားသူဆီ လက်လျှော့လိုက်ခိုင်းနေတာလား။"


"ခင်ဗျားက တော်တော်အသုံးမကျတာ မဟုတ်ဘူးလား။"


ထိုစကားလုံးများက ကြားရတာ စိတ်မချမ်းသာစေဘဲ မစ္စတာယွီ၏ မျက်နှာကို တောင့်တင်းသွားစေသည်။ "မင်း အခြေအနေကို သေချာနားလည်ဖို့ အကြံပေးချင်တယ်။ တကယ်လို့ ရှန်ယွိက အဲဒီ ဇာတ်ကောင်ကို ရဖို့က မင်း အလှည့်မဟုတ်သေးဘူး။"


"ဒါရိုက်တာဝမ် ပြောသွားတာ မကြားဘူးလား။ ရင်းနှီးမြှုပ်နှံသူက သူ့ အထူးတလည် ရွေးချယ်ထားတာ။"


ယန်ချီချီက သိသိသာသာ ဆန္ဒမရှိစွာနှင့် ခက်ထန်စွာ ပြောလိုက်သည်။ "ခင်ဗျား ကျွန်တော််ကို မကူညီချင်ရင် ကျွန်တော်တို့ ကိစ္စကို ဖော်ထုတ်လိုက်မယ်။"


မစ္စတာယွီက ပြုံးလိုက်သည်။ သူ့အမူအရာက ယုတ်မာကောက်ကျစ်သည့်ဟန်ပင်။ "မင်း လုပ်ချင်တာသာ လုပ်။"


"ဘယ်လိုပဲဖြစ်ဖြစ် မင်း သေချာ ဂရုတစိုက် စဥ်းစားသင့်တယ်။ ငါတို့ နှစ်ယောက်မှာ အထိခိုက်ဆုံးဖြစ်မယ့်တစ်ယောက်က ဘယ်သူလဲဆိုတာ။"

"ဘာပဲဖြစ်ဖြစ် ငါက လူတွေအများကြီးနဲ့ ကစားခဲ့တာ။ ငါ့အိမ်က တစ်ယောက်ကလည်း ငါ့ကိစ္စတွေကို မျက်ကွယ်ပြုထားတယ်။ ဒါပေမယ့် မင်းယောက်ျား လင်လုဖေးကရော ဘယ်လိုလုပ်မလဲ။"


"သူက မင်းကို ဘာမှမသိနားမလည်တဲ့ ဖြူစင်တဲ့ ကောင်လေးအဖြစ် တွေးနေဆဲ ဖြစ်မှာပဲ စိုးရိမ်မိတယ်။"

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Tempat cerita menjadi hidup. Temukan sekarang