အပိုင်း (၁၆) နောင်တရဖို့ အရမ်းနောက်ကျသွားပြီ!
သူတို့နှင့် တူညီသည့် မှတ်တိုင်မှာ ဆင်းလာခဲ့သည့် ယန်ရွေ့ချင်းက တစ်ယောက်နှင့် တစ်ယောက် ဖက်နေကြသည့် ထိုနှစ်ယောက်ကို အဝေးမှ မြင်လိုက်ရပြီး သူ့မျက်နှာက သိသိသာသာ ပျက်ယွင်းသွားလေသည်။
"မြန်မြန်သွားကြမယ်။ မကြာခင် ပြတိုက်ဝန်ထမ်းတွေ နေ့လယ်စာစားချိန် ရောက်တော့မယ်။" လီဟောက်က သတိပေးလိုက်သည်။
သူက ခရီးသွားရန် အစီအစဥ်တချို့ လုပ်ထားသည်မှာ သိသာပေသည်။
ယန်ရွေ့ချင်းက ခေါင်းညိတ်၍ ပြန်လှည့်ကြည့်လိုက်သည်။
သူတို့က ပူးပေါင်းထားသည့် ပါတနာများဖြစ်၍ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ၌ ပိတ်မိနေရန် မလိုအပ်ပေ။ မည်သို့ပင်ဖြစ်စေ ဤရသစုံရှိုးသို့ လာရသည့် သူ၏ ရည်ရွယ်ချက်မှာ ရှန်ယွိအား ရှိုးမှ ကန်ထုတ်ရန် ဖြစ်သည်။
သူတို့နှင့် မနီးမဝေးတွင် ဗီလိန် မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် တစ်စုံတစ်ယောက်၏ လက်ရှိခံစားချက်များက ဖရိုဖရဲ ဖြစ်နေပေသည်။ သူက အိပ်မက်ထဲ၌ပင် ကွာရှင်းခွင့်ရရှိရန် ကြိုးစားနေပြီး ဤပိုပို၍ တဏှာရူးဆန်လာသည့် ပင့်ကျောင်းဇာတ်လိုက်ကောင်ထံမှ ဝေးဝေးနေနိုင်ရန် ဆန္ဒရှိမိပေသည်။
"ရွေ့ကော အခုနောက်ပိုင်း စိတ်ရောဂါဆရာဝန်နဲ့ ပြဖြစ်သေးလား။" ရှန်ယွိက အသံတိုးတိုးနှင့် မေးလိုက်ပြီး သူ့မျက်လုံးများက အနည်းငယ် တုန့်ဆိုင်းနေဟန် ရှိသည်။
သူတို့နောက်မှ လိုက်ပါလာသည့် ကင်မရာက အတင်းအဖျင်းအနံ့ရသွားပြီး သူ့ကို ဆုံချက်အဖြစ်ထားကာ ရိုက်ကူးလာပြီး 'မင်း သွားခဲ့လား' ဟု မေးနေသလို ထင်မှတ်ရပေသည်။
ဖုန်းစစ်ရွေ့က အမူအရာမဲ့စွာနှင့် ပြန်ဖြေလိုက်သည်။ "ဒီရက်တွေမှာ အလုပ်ရှုပ်နေလို့ မသွားဖြစ်ဘူး။"
"အဲဒါ မကောင်းဘူးလေ။" ရှန်ယွိ၏ အသံက အလွန် ချဲ့ကားထားပေသည်။ "ဘယ်လောက်ပဲ အလုပ်များများ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို အလေးပေးသင့်တယ်။"
ESTÁS LEYENDO
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
