(၅၀.၁) အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ။

5K 407 22
                                        

အပိုင်း (၅၀.၁) အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ။

"သူ့ရဲ့ မျိုးရိုးနာမည်ကလည်း 'ရှန်' ပဲ ဆိုတာ မင်းသတိထားမိလား။" ဖုန်းစစ်ရွေ့က အဓိပ္ပာယ်ပါပါ မေးလိုက်သည်။

ရှန်ယွိ၏ မျက်လုံးများက လက်ခနဲ ​ဖြစ်သွား၏။ "ကျွန်တော် သတိထားမိပါတယ်။ ဒါပေမဲ့ အဲဒါက ပြဿနာ ရှိလို့လား။"

"ရှန် ဆိုတာက အသုံးများတဲ့ မျိုးရိုးနာမည်ပဲလေ။ နိုင်ငံထဲက လူတော်တော်များများ ဒါကို သုံးကြတယ်။"

-----'ငါ ဒါကို ဘယ်လိုပြောရမလဲ။ ခွေးသွေးဝတ္ထုတွေထဲမှာဆိုရင် စီအီးအို ဆယ်ယောက်၊ ချမ်းသာတဲ့ အကောင်ကြီးကိုးယောက်၊ အမျိုးသမီးတွေရဲ့ ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိတဲ့ သူရှစ်​ယောက်၊ စီးကရက်ရနံ့ရှိတဲ့ ခုနစ်ယောက်၊ သန့်ရှင်းတာကို စွဲလန်းနေတဲ့သူ ခြောက်​​ယောက်၊ အိပ်မပျော်တဲ့ ရောဂါကို ခံစားနေရတဲ့သူ ငါးယောက်၊ စီစဥ်ထားခံရတဲ့ လက်ထပ်ပွဲ လေးခု၊ မသန်စွမ်းတဲ့သူ သုံးယောက်၊ ကုမျိုးရိုးနဲ့ လေးယောက်၊ ရှန်မျိုးရိုးနဲ့ သုံးယောက်၊ ဖုမျိုးရိုးနဲ့ နှစ်ယောက် နဲ့ လုမျိုးရိုးနဲ့ တစ်ယောက်.....'

"တော်လောက်ပြီ!"

ရှန်ယွိ၏ လေကြောရှည်မှုကို မခံနိုင်တော့သဖြင့် ဖုန်းစစ်ရွေ့ ပိတ်ဟောက်လိုက်သည်။

ရှန်ယွိ ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။ ဒဏ်ရာရနေသော တိရိစ္ဆာန်လေး တစ်ကောင်လိုမျိုး သူက သနားစရာကောင်းပြီး သိမ်မွေ့သော အမူအရာကို ပြသခဲ့၏။ "ရွေ့ကော၊ ကော ဘယ်လိုတောင် ဒီယုန်ငယ်လေးကို ခြောက်လှန့်ရတာလဲ။"

ဖုန်းစစ်ရွေ့, "....."

"မင်း ဒီလိုမျိုး ထပ်ပြောခဲ့ရင် ငါမင်း ခြေထောက်တွေကို ချိုးပြီးတော့ မင်းအကြိုက်ဆုံး မှောင်မည်းနေတဲ့ အခန်းငယ်လေးထဲမှာ ပစ်ထည့်ပေးမယ်။"

ရှန်ယွိ, "....."

"ရွေ့ကော.. ကျွန်တော် မှားသွားပါတယ်။"

ထို့နောက် နာခံတတ်သော ယုန်ငယ်လေးသည် လုံးဝ ဖြူဆွတ်နေသော အဖြူရောင် ရှေးဟောင်းဝတ်စုံကို လဲလှယ်လိုက်၏။ ရေခဲကဲ့သို့ အေးစက်နေသော မျက်နှာနှင့်အတူ ခဲငွေရောင် ဓားရှည်ကို ကိုင်ဆောင်ထားကာ သူသည် အစိမ်းရောင် ပိတ်သားနောက်ခံ ရိုက်ကွင်းတွင် ရပ်နေခဲ့သည်။ (ကမ်းပါးစွန်း အထူးပြုလုပ်ချက်အား နောက်ပိုင်းတွင် ပေါင်းထည့်ပေးလိမ့်မည် ဖြစ်သည်။)

ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်Место, где живут истории. Откройте их для себя