အပိုင်း ၈၆

490 26 0
                                        

Unicode
အခန်း (86) သွားရမလား မသွားရဘူးလား?

တိုဘီသည် ဂျင်းန်၏စကားကြားသောအခါ သူ့တက်ဘလက်ပေါ်ရှိဇယားအချို့ကိုကြည့်နေပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ တီနာသည် ဂျင်းန်၏တိုဘီနှင့်သူမအား တစ်ယောက်ကိုတစ်ယောက်ပိုမိုရင်းနှီးလာစေရန် ကြိုးပမ်းနေသည်ကိုတွေ့ရသည့်အတွက် ဝမ်းသာမိသော်လည်း တိုဘီမျက်မှောင်ကြုတ်သွားသည်ကို သူမမြင်လိုက်ရသည့်အခိုက်တွင် သူမ၏နှလုံးသားသည်နစ်မြုပ်သွားခဲ့သည်။ "ရှင်နဲ့အတူအခန်းအတူတူမျှဖို့စိတ်ကူးကိုမကြိုက်ဘူးလား၊ တိုဘီ။" တီနာမေးပြီး သူမနှုတ်ခမ်းကိုကိုက်လိုက်၏။

တိုဘီကစကားပြောရန်နှုတ်ခမ်းဟခါနီးတွင် ဂျင်းန်ကသူ့ပေါင်ကိုခပ်ဖွဖွတစ်ချက်ရိုက်လာသည်။ "ဘာလို့ တိုဘီက အဲဒီအကြံကိုမကြိုက်ရမှာလဲ။ ကောင်းပြီ၊ အားလုံးနေရာချပြီးသွားပြီ!"

"အမေ!" တိုဘီမျက်မှောင်ကြုတ်လိုက်သည်။ "ဒါက တီနာအတွက်မကောင်းပါဘူး။ ကျနော်တို့အချင်းချင်းလက်မထပ်ရသေးဘူးလေ။"

သူ့စကားကြားတော့ တီနာမျက်နှာကဖြူဖျော့သွား၏။ မဒမ်ဝှိုက်ကဆုံးဖြတ်ချက်ချပြီးနောက်မှာတောင်မှ သူက မဒမ်ဝှိုက်ကိုငြင်းဆန်နေဆဲပဲ။ ဒီလိုအခြေအနေမှာ တိုဘီကငါဘယ်လိုခံစားရမှာလဲဆိုတာ စဉ်းစားဖူးရဲ့လား။

ထိုအချိန်တွင် ပန်းသီးတစ်လုံးကို တချိန်လုံးအေးအေးဆေးဆေးစားနေသော တိုင်လာသည် တီနာ၏မျက်နှာမှ အရောင်ဖျော့သွားသည်ကိုမြင်လိုက်ရသောအခါ ထူးထူးခြားခြားကျေနပ်သွားမိသည်။

"မင်းတို့လက်ထပ်ပြီးတော့ကော ဘာဖြစ်လဲ၊ မင်းတို့တွေကစေ့စပ်ထားပြီးတော့ နောက်ဆုံးမှာမင်းတို့တစ်ခန်းထဲမှာအတူနေရမှာပဲလေ။ မင်းတို့အခုနည်းနည်းပိုစောပြီးလုပ်လိုက်ရုံလေးပဲဖြစ်သွားတာပါ။" ဂျင်းန်ကတည်ငြိမ်သောလေသံဖြင့်ရေရွတ်လိုက်သည်။

တိုဘီက သူ့ဘေးနားကခေါင်းငိုက်စိုက်ချထားသောအမျိုးသမီးကိုလှည့်ကြည့်လိုက်၏။ "ဒါက တီနာအပေါ် မလေးစားသလိုဖြစ်သွားလိမ့်မယ်။" ဟု သူပြောခဲ့သည်။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now