Unicode
အပိုင်း ၆၂။ ဒေါသထွက်နေသော ထိုက်ဒပ်စ်
လက်ရှိတွင် ဆိုနီယာသည် ပရင်တာရှေ့တွင်ရပ်ကာ အမည်ပေါက်နှင့် လွှဲပြောင်းစာရွက်စာတမ်းကို မိတ္တူကူးနေသည်။ သူမ ခဏမျှနေပြီးသော် ဒက်ပ်ဖနီအား ပြန်ဖြေသည်။ "ရပြီ၊ စားပွဲပေါ်က စာရွက်စာတမ်းတွေ ပြည့်စုံအောင် ဖြည့်ခိုင်းပြီး နေ့ခင်းဘက် ချားလ်စ် လာတဲ့အခါ ငါ့ကို ပြောပြပါ။"
"ဟုတ်ကဲ့။" ဒက်ပ်ဖနီသည် စားပွဲဆီသို့ လျှောက်သွားပြီး စာရွက်စာတမ်းများကို ယူသွားလိုက်၏။ ဆိုနီယာသည် မိတ္တူကူးခြင်းပြီးသောအခါတွင် သူမ၏ စားပွဲဆီသို့ပြန်လာကာ ထိုင်လိုက်ပြီးနောက် မိတ္တူများကို အတူတွဲထားနိုင်ရန် စနစ်တကျ စီစဉ်ပေးခဲ့သည်။ မူရင်းနှင့်ပတ်သက်၍ လုံခြုံစွာသိမ်းဆည်းထားရန် သူမ ပြင်ဆင်ထားသည်။
ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်နှင့် သူမမျက်လုံးထဲတွင် တစ်စုံတစ်ရာက ဖျတ်ကနဲ့ပေါ်လာသည်။ သူမ၏ဆဲလ်ဖုန်းကို ဆွဲထုတ်ကာ မူလအမည်ပေါက်စာရွက်စာတမ်းများကို ဓာတ်ပုံရိုက်ယူကာ စာတန်းနှင့်အတူ အင်တာနက်ပေါ်တင်လိုက်တော့သည်။ "ဒီက အကောင်းဆုံးမြေကွက်အတွက် ဥက္ကဋ္ဌဖူလာကို ကျေးဇူးတင်ပါတယ်။"
၎င်းနောက်၊ သူမသည် တိုဘီ နှင့် ထရိုင်ဖို့ဒ်လုပ်ငန်းစုနှစ်ခုလုံးကို လူမှုမီဒီယာတွင်ပူးတွဲကာ တင်ထားခဲ့သည်။ သံသယမရှိလောက်အောင်ပင် ထိုက်ဒပ်စ်သည် ၎င်းကိုမြင်သောအခါ ယမ်းပုံမီးကျအောင် ဒေါသအမျက်ထွက်နေပေလိမ့်မည်ပင်။
တစ်နေ့တာ၏အဆုံးတွင်၊ တီနာ၏စိတ်နေသဘောထားသည် သူမ၏မိဘအုပ်ထိန်းမှုအပေါ် ရောင်ပြန်ဟပ်နေပြီး သူမ၏လုပ်ရပ်များအတွက်လည်း အနည်းငယ်တာဝန်ယူသင့်သည်။ ထိုသည်ကို တွေးနေရင်းဖြင့် ဆိုနီယာက ခပ်ပါးပါးလေး ပြုံးလိုက်သည်။ သူမ(တီနာ) အကြွေးဆပ်ရမည့်အချိန်ရောက်ပြီဖြစ်သည်။ (ဘယ်လောက်ရပြီးပြီး အတိုးတော့ထပ်ယူရမှာပဲ 😎)
ထိုအချိန်တွင် သူမ၏လက်ကိုင်ဖုန်းမြည်လာသည်။ ခေါ်ဆိုသူ ID ကိုကြည့်ရန် ခေါင်းငုံ့ကြည့်သောအခါ ကားလ်ထံမှ ဖုန်းခေါ်ဆိုမှုဖြစ်ကြောင်း သူမတွေ့ရှိခဲ့သည်။ မဆိုင်းမတွဘဲ သူမက ဖုန်းကိုနားတွင်ကပ်ကာဖြေသည်။ "ကားလ်"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Lãng mạnဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
