Unicode
အပိုင်း ၇၅။ ထရိုင်ဒါတို့ ဒုက္ခလှလှကြီး တွေ့တော့မယ်။
ဆိုနီယာသည် စက္ကန့်အနည်းငယ်မျှ စဉ်းစားနေခဲ့သည်။ "အခုလောလောဆယ်တော့ ဒီဘဏ်တွေရဲ့ ဥက္ကဋ္ဌတွေနဲ့သွားညှိနှိုင်းပြီး သူတို့စိတ်ပြောင်းဖို့ ဆန္ဒရှိ၊ မရှိကြည့်လိုက်ပါ။ ဒီအခွင့်အရေးကိုအသုံးချပြီး ထိုက်ဒပ်စ်ကကြိုးကိုင်သူလားဆိုတာကိုပါ သိအောင်လုပ်လိုက်။"
"ကောင်းပြီ" ဒက်ပ်ဖနီကဖြေသည်။ တစ်ခုခုကိုတွေးမိသွားပြီး သူမကမေးသည်။ “ဒါကို ဥက္ကဋ္ဌလိန်းကို သတင်းပို့ရမလား။
"မပို့နဲ့" ဆိုနီယာ ခေါင်းခါလိုက်သည်။ "ချားလ်စ်က သူ့ကိုယ်ပိုင်ကုမ္ပဏီကို လည်ပတ်ဖို့ အလုပ်ရှုပ်နေလိမ့်မယ်။ ငါ သူ့ကို မနှောင့်ယှက်ချင်ဘူး။"
"ကောင်းပါပြီ"
ဒက်ပ်ဖနီ ထွက်သွားပြီးနောက်၊ ဘဏ္ဍာရေးဌာနမှ ရေဗက္ကာရောက်လာသည်။ "ဥက္ကဋ္ဌရိစ်ဒ်၊ ဘာဖြစ်နေတာလဲ၊ ဘဏ်တော်တော်များများဆီကနေ ဖုန်းဆက်လာတယ်။ သူတို့က ကျမတို့ရဲ့ချေးငွေတွေကို ချက်ချင်းပြန်ဆပ်ဖို့ တိုက်တွန်းနေတယ်။ ကျမတို့က အဲဒါတွေကိုရခဲ့တာမကြာသေးဘူး မဟုတ်လား? အချိန်မပြည့်သေးဘဲပြန်ဆပ်ဖို့ ဘာကြောင့်ပြောလာကြတာလဲ။" ရေဗက္ကာက ဆိုနီယာ၏စားပွဲဆီသို့ လျှောက်သွားကာ မေးခွန်းထုတ်သည်။
ဆိုနီယာသည် သူမ၏နှာတံကိုဖိလိုက်သည်။ "ငါတို့ကို ပစ်မှတ်ထားခံနေရတာကို မင်းမမြင်နိုင်ဘူးလား။"
"ဘယ်သူကြောင့်လဲ?" ရေဗက္ကာသည် စားပွဲပေါ်သို့လက်ဖဝါးဖြင့်ရိုက်လိုက်သည်။
ဆိုနီယာ၏အကြည့်၌ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးလာသည်။ "ထိုက်ဒပ်စ်က ဒီနောက်ကွယ်မှာရှိနေတယ်လို့ ငါသံသယရှိပေမယ့် ငါ့မှာ သက်သေမရှိသေးဘူး။"
“အဲဒါက စောင့်ရလိမ့်မယ်။ ကျမတို့ရဲ့ အရင်းအနှီးနဲ့ပတ်သက်တဲ့ အကျပ်အတည်းကို ဦးစားပေးဖြေရှင်းဖို့ လိုတယ်။ ပါရာဒိုင်းကုမ္ပဏီရဲ့လုပ်ငန်းလည်ပတ်မှုကိုပံ့ပိုးပေးတဲ့ အဓိက ရန်ပုံငွေတွေကတော့ အဲဒီဘဏ်တွေဆီက ချေးငွေတွေပါနေတယ်။ ကျမတို့က ဘဏ်တွေဆီပြန်ပေးလိုက်တာနဲ့ ကုမ္ပဏီကဒေဝါလီခံရတော့မှာ။” ရေဗက္ကာက ဒေါသတကြီးအသံထွက်လာသည်။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Любовные романыဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
