အပိုင်း ၇၁

625 33 7
                                        

Unicode
အခန်း ၇၁။ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း

ဆိုနီယာက သူတို့၏ရန်သူဖြစ်နေသကဲ့သို့ အပြင်မှလူက တံခါးကိုထုရိုက်နေသည်။ အချိန်တိုအတွင်းမှာ တံခါး၏အခြားတစ်ဖက်က ဘယ်သူမဆို တရကြမ်းတိုးဝင်လာသလိုမျိုး သူမအိပ်ခန်းထဲက တံခါးဘောင်လှုပ်ယမ်းနေသည်ကိုတောင် ကြားနေရသည်။

စိတ်မကောင်းစွာဖြင့်၊ ဆိုနီယာသည် သူမ၏စောင်ကိုမလိုက်ပြီး ဆံပင်များကိုအမှုမဲ့အမှတ်မဲ့စည်းကာ ဖိနပ်စီးပြီးသူမ၏အိမ်အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်စေသောလူကိုစစ်ဆေးရန် သူမ၏အခန်းမှအပြင်ထွက်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။
တံခါးပေါက်ထံသို့မသွားမီ မီးဖိုချောင်မှ ထက်ရှသော ဓားတစ်ချောင်းကိုလှမ်းယူလိုက်သည်။ တံခါးပေါက်သို့ရောက်သောအခါ သူမ၏တံခါးအပြင်ဘက်တွင် စကားပြောသံကိုကြားလိုက်ရသည်။

"အမေ၊ ဘာလုပ်နေတာလဲ၊ ရပ်လိုက်ပါ!" စိတ်ရှုပ်စွာနဲ့တံခါးကိုမခေါက်ဖို့ တိုင်လာက ဂျင်းန်ရဲ့လက်ကိုလှမ်းဆွဲသည်။

ဂျင်းန်က သူ့ကိုဒေါသတကြီးစိုက်ကြည့်ပြီး "မင်းငါ့ကိုဘာလို့တားတာလဲ။ ငါ့လက်ကိုလွှတ်။ ငါ ဒီခွေးမလေးကို သင်ခန်းစာပေးမယ်!"

"ဒါက အမေ့ရဲ့ချွေး- မဟုတ်ဘူး၊ ဆိုနီယာနဲ့ တီနာကြားကကိစ္စပါ။ အမေဘာလို့ သူတို့ရဲ့ကိစ္စကို ဝင်ပါနေတာလဲ။" တိုင်လာ၏ငယ်ရွယ်နုပျိုသော မျက်နှာကရှုံ့မဲ့သွားသည်။

စိတ်ဆိုးတကြီးဖြင့် ဂျင်းန်ကပြန်ပက်သည်။ "ဘာလို့ ဝင်ပါလို့မရရမှာလဲ။ တီနာက ငါ့ရဲ့အနာဂတ်ချွေးမပဲ။ တီနာရဲ့ယောက္ခမအနေနဲ့ ငါက ငါ့ချွေးမ အနိုင်ကျင့်ခံရတဲ့အခါ သူမအတွက်မရပ်တည်ပေးသင့်ဘူးလား။" ထိုသို့ဖြင့် သူမက တိုင်လာ၏လက်ကိုတွန်းဖယ်လိုက်ပြီး တံခါးကိုဆက်ထုနေသည်။ တစ်ဆက်တည်းမှာပင် သူမက ဆက်ကာအော်နေတော့သည်။ "ဆိုနီယာ၊ ခွေးမ။ တီနာကို အနိုင်ကျင့်ပြီးရင် နောက်ဆက်တွဲဆိုးကျိုးတွေကို ရင်ဆိုင်ရဲတဲ့သတ္တိ နင့်မှာမရှိဘူးလား။ တံခါးလာဖွင့်စမ်း။ နင်ရှိနေတာ ငါသိတယ်။  တံခါးဖွင့်။"

ဂျင်းန်စကားမဆုံးခင်မှာ သူမရှေ့က တံခါးက ပွင့်သွားသည်။ ဂျင်းန်၏လက်သည် အထိန်းအကွပ်မဲ့သွားသောကြောင့် ဟန်ချက်ပျက်ကာ ရှေ့ကို လဲကျသွားသည်။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now